ငှက်ပျောသီစားခြင်းက ဝိတ်တက်စေလား ဝိတ်ကျစေလား

//s9.kh1.co/37/376bc78bc70e3cede1c772ea1bb794e2f36a9ceb.jpg
MPT Lifestyle

 ၀၇-မတ်-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

ငှက်ပျောသီးက အာဟာရဓာတ်များစွာပါဝင်ပြီး တစ်နေ့တာ စားသုံးသင့်တဲ့ အစားအစာဆိုတာ ...

ငှက်ပျောသီးက အာဟာရဓာတ်များစွာပါဝင်ပြီး တစ်နေ့တာ စားသုံးသင့်တဲ့ အစားအစာဆိုတာ လူတိုင်း သိပြီးသားဖြစ်ပါတယ်။ အခြားအသီးတွေနဲ့မတူတာက ငှက်ပျောသီးက စားသုံးရတာလွယ်ကူသလို လူတိုင်းနီးပါး ကြိုက်နှစ်သက်တဲ့ အသီးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b4/b4ee54742720615b74d25c734d16d75964bb3e0f.jpg

လူတစ်ယောက် အရမ်းပိန်နေတယ်ဆိုရင် ငှက်ပျောသီးနဲ့ နွားနို့ကို များများစားပေးဖို့  တိုက်တွန်းကြသလို ဝိတ်ချဖို့ weight loss ဆော့နေတဲ့ သူတွေကို gym trainer က တစ်နေ့ကိုအနည်းဆုံး ငှက်ပျောသီးတစ်လုံးစားဖို့ တိုက်တွန်းတာကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးက ဝိတ်တက်စေတာလား။ ဝိတ်ကျစေတာလား။

https://s9.kh1.co/__image/w=600,h=450,q=100/ac/ac6fc9d3cff632dbb9eff443bbd7495616923a45.webp

တကယ်တမ်းကျတော့ ဝိတ်တက်ခြင်း၊ ဝိတ်ကျခြင်းဆိုတာ မိမိစားတဲ့ ငှက်ပျောသီး အလုံးရေအပေါ် မူတည်နေတာပါ။ တခြားဘာမှ မစားဘဲ ငှက်ပျောသီးချည်းပဲစားပြီး အာဟာရဖြည့်မယ်ဆိုရင် သေချာပေါက်ဝိတ်ကျလာမှာဖြစ်ပြီး အခြားအစားအသောက်တွေလည်း စားတယ်။ ငှက်ပျောသီးကိုလည်း အနည်းဆုံး တစ်နေ့ကို ငါးလုံးနဲ့ ခြောက်လုံးကြားမှာ စားပေးမယ်ဆိုရင်တော့ ဝိတ်က်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ငှက်ပျောသီးစားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=732,q=100/7a/7ae9bc93650d5517cb22b2719c8030b0f51e057c.jpg

ငှက်ပျောသီးစားခြင်းဟာ အဝလွန်ရောဂါကို ပျောက်ကင်းအောင် တားဆီးပေးနိုင်သလို ကြွက်သားတည်ဆောက်ရာမှာလည်း ကြက်ဥနဲ့ တွဲဖက်စားသုံးခြင်းဖြင့် အကျိုးရှိစေနိုင်ပါတယ်။ဒါ့အပြင် ငှက်ပျောသီးက သွေးနီဥဆဲလ် ပမာဏကို သိသိသာသာ ပိုများလာစေပါတယ်။

ငှက်ပျောသီးက အက်ဆစ်သဘာဝရှိတဲ့အတွက် အစာမရှိဘဲစားရင် ဝမ်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ pectin ဆိုတဲ့ဓာတ်က စားထားရင်ပုံမှန်ထက် ဗိုက်ပိုပြည့်နေအောင် ထိန်းထားပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးကျောင်းတွေမှာ ငှက်ပျောသီးဆောင်ထားကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီတော့ ငှက်ပျောသီးဟာ ဝိတ်တက်စာလား။ ဝိတ်ကျစာလားလို့မေးရင် နှစ်မျိုးလုံးပါပဲလို့သာ ဖြေရမှာဖြစ်ပါတယ်။ မိမိရဲ့ စားသောက်နေထိုင်ပုံနဲ့ ပမာဏကိုလိုက်ပြီး ဝိတ်အတက်အကျက ပြောင်းလဲစေနိုင်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T