ကိုယ့်ရဲ့ ဗိုက်ကလေး ချပ်ရပ်သွားအောင် ဘာတွေသောက်သင့်လဲ

//s9.kh1.co/97/974f2dc85d7fd80ea2eaacb6b5e6645ac2d61f51.jpg
MPT Lifestyle

 ၀၆-မတ်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိန်းကလေးတိုင်းက ဂစ်တာရှိတ်ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်...

မိန်းကလေးတိုင်းက ဂစ်တာရှိတ်ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီလိုဖြစ်လာနိုင်ဖို့ဆိုရင် ဗိုက်ချပ်ဖို့လိုပါတယ်။ ခါးနေရာ အဆီကျတဲ့အချိန်မှ တင်နဲ့ခါးနေရာပေါ်လာပြီး ကောက်ကြောင်းပေါ်လာမှာဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီက ခေါင်းမာလွန်းတဲ့ အဆီဖြစ်သလို အစားနည်းနည်းလေး မှားယွင်းသွားတာနဲ့ ဗိုက်ပြန်ပူလာတတ်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့  ဆုံးဖြတ်ထားသူတွေအနေနဲ့ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့လိုအပ်သလို အစားအသောက်မှာလည်း အဆီတွေကို   မြန်မြန်လောင်ကျွမ်းစေနိုင်တဲ့ သောက်စရာတွေ မှန်ကန်စွာရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။

ဖရဲသီးဖျော်ရည်

https://s9.kh1.co/__image/w=650,h=366,q=100/2d/2dbe32cad730227b5c8e75cc846c675be4e23d6f.jpg

ဗိုက်ချပ်ဖို့အတွက်ဆိုရင် သကြားမထည့်ဘဲ သဘာဝ အတိုင်းသောက်ဖို့တော့လိုပါ တယ်။ ဖရဲသီးဖျော်ရည်က ကယ်လိုရီကိုလျော့ကျစေ ပြီး ရေဓာတ်ကိုအမြဲပြည့်ဝနေစေ ပါတယ်။

ရေခဲရေ

https://s9.kh1.co/__image/w=650,h=496,q=100/81/81c4133e23198655631567347981e75d77ba5a56.png

ရေခဲရေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လုပ်ငန်းစဉ်များကို မြှင့် တင်ပေးနိုင်တာကြောင့် ကယ်လို ရီပမာဏများနေတာတွေကို ဖယ်ရှားပေးပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်

https://s9.kh1.co/__image/w=588,h=385,q=100/6f/6fd6d85fca6fad3f4bf4ee568eebf07e347f7ec0.jpg

ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမက ကယ်လိုရီပမာဏများနေတာတွေကို လည်း လျှော့ချပေးနိုင်ပါတယ်။

Green tea

https://s9.kh1.co/__image/w=650,h=325,q=100/fa/faa877debed3e750c33cb310cd35fb90ca33672f.jpg

အဆီဓာတ်ကို ၄၃ ရာခိုင် နှုန်းဖယ်ရှားပေးတာကြောင့် ပိန် ပိန်ပါးပါးဖြစ်လိုသူတွေကတော့ ပုံမှန်သောက်သင့်ပါတယ်။

အုန်းရည်

https://s9.kh1.co/__image/w=650,h=325,q=100/67/6762d0ea6e303c0c832d160f2b9187e2eeca5426.jpg

အခြားသောဖျော်ရည်တွေ ထက် အုန်းရည်က ရေဓာတ်အမြဲပြည့်ဝနေ စေပါတယ်။ အုန်းရည်ထဲကို သကြားနဲ့ အခြားအရသာတုတွေ မထည့်ဘဲ သောက်သင့်ပြီး ခန္ဓာကိုယ်တွင်းလုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့် ဝနေဖို့ထောက်ကူပါတယ်။

အဆီထုတ်နွားနို့

https://s9.kh1.co/__image/w=650,h=434,q=100/8a/8af8ba488a1938cd5278b32d7fb7a0435a11ab5b.jpg

ခန္ဓာကိုယ်ထဲကအဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြုတာကြောင့် အဆီထုတ်နွားနို့ကို ပုံမှန်သောက်သင့်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့  ဆုံးဖြတ် ထားသူတွေအနေနဲ့ ကိုယ့်ရဲ့ ဗိုက်ကလေး မြန်မြန်ချပ် သွားချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T