အနေဝေးတဲ့ချစ်သူတွေအတွက် အနမ်းပေးစက်တီထွင်ပေးလိုက်တဲ့ တရုတ် University..

//s9.kh1.co/79/79889a70b9ca1f3f36c8d5f196e5f3536d849a31.jpg
နေ့စဉ်သတင်းများ

 ၀၂-မတ်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

အနေဝေးတဲ့ချစ်သူတွေအတွက် အနမ်းပေးစက်တီထွင်ပေးလိုက်တဲ့ တရုတ် University..

တရုတ်နိုင်ငံက University တစ်ခုဟာ နှိုက်နှိုက်ချွတ်ချွတ်နဲ့ ရင်ခုန်သံတွေထိန်းချုပ်မရဖြစ်စေမယ့် အနမ်းပေးတဲ့စက် 'Kissing Device' ကို တီထွင်ခဲ့တယ်လို့ သိရပါတယ်။ 'Kissing box' ဟာ တရုတ်နိုင်ငံ social media အသုံးပြုသူတွေကြားမှာ အတော်‌ရေပန်းစားနေပါတယ်။

https://s9.kh1.co/__image/w=650,h=664,q=100/33/339ccd3a96556f0cca2e742a6fb0d37490e76a28.png

အဆိုပါစက်ကို Changzhou Vocational Institute of Mechatronic Technology က မူပိုင်ခွင့်တင်ထားတယ်လို့ CNN ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အနေဝေးတဲ့ ချစ်သူစုံတွဲတွေကို စစ်မှန်တဲ့ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှု မျှဝေနိုင်မယ့် စက်တစ်ခုအဖြစ်ကြော်ငြာထားပါတယ်။အနမ်းပေးစက်ဟာ ဆီလီကွန်နှုတ်ခမ်းနဲ့ဖြစ်ပြီး ဖိအားနှင့် အာရုံခံကိရိယာတွေလည်း တပ်ဆင်ထားတယ်လို့သိရပါတယ်။ အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုဖိအားနှင့် အပူချိန်တွေကို ပုံတူကူးပြီး အသံတွေကိုလည်းထုတ်လွှတ်ပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=615,h=625,q=100/ef/ef3ae48275d4650b77cd7fa9aa3a5e5d473547d5.png

အနမ်းပေးစက်ကို အသုံးပြုဖို့အတွက် Mobile app ကို download လုပ်ရမှာဖြစ်ပါတယ်။ ပြီးနောက် ဖုန်းနှင့် စက်ကို ဖုန်းအားသွင်းကြိုးအသုံးပြုပြီး ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် Video call ခေါ််ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာ အနမ်းတွေဖလှယ်လို့ရပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T