Saudi Pro League ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ Cristiano Ronaldo..

//s9.kh1.co/a5/a533cb83441b74ddc0259a169cd25cd354e616d4.jpg
အားကစားသတင်းများ

 ၀၁-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ရောက်လေရာအရပ်မှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းနေတာ..

Cristiano Ronaldo ဟာ Al Nassr အသင်းကိုပြောင်းပြီး ပထမဆုံးအ‌နေနဲ့ February လ အတွက် တစ်လတာအကောင်းဆုံးဆု (Saudi Pro League's Player of the Month) ဆုကို ရရှိခဲ့ပါတယ်။ အသက်ရွယ်နဲ့ မလိုက်အောင် ‌ရောက်လေရာအရပ်မှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြီး ‌အကောင်းဆုံးကစားသမားဖြစ်ကြောင်း သက်သေပြနေတုန်းပါ။ 

https://s9.kh1.co/__image/w=569,h=526,q=100/89/8983c1edf166b87839397e38b2142f302e856b23.jpg

February လအတွင်းမှာ Cristiano Ronaldo ဟာ (၈) ဂိုးသွင်းပြီး (၂) ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ Player Of The Month ဆုကို ရယူပြီးနောက် Ronaldo အနေနဲ့ Golden Boot ကို ရယူဖို့လည်း အာရုံစိုက်ကြိုးစားနေကြောင်း သိရပါတယ်။ Saudi Pro League's Golden Boost ဆုကို ရယူဖို့ ရေပန်းအစားဆုံးကစားသမားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/bd/bde9b21140b81efcc3ba3146803629863c318588.jpg

Saudi Pro League က ဂိုးသွင်းအများဆုံးဖြစ်တဲ့ အသင်းဖော် Anderson Talisca နဲ့ (၅) ဂိုးအကွာမှာရှိနေပြီး Ronaldo အနေနဲ့ Golden Boost ရအောင် ဒီထက်ပိုပြီး ဂိုးများများသွင်းဖို့လိုနေပါသေးတယ်။ 

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T