ကရင်ပြည်နယ် မှာရှိတဲ့ ဇွဲကပင်တောင်ပေါ် သို့ ဘုရားဖူးရန် တက်သွားတဲ့ အမျိုးသား တစ်ဦး ဟာ ရုတ်တရက် အမောဖောက်ကာ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ရဲ့ အသိပေးကြေညာချက်အရ သိရပါတယ်။

ဖေဖော်ဝါရီ(၂၇)ရက်နေ့က ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ ဇွဲကပင်တောင်တက်လမ်း(အနောက်ဘက်ခြမ်း-လုမ္မနီဥယျာဉ်) အထက်ရေတံခွန်အကျော် ကရင်မောင်နှမနတ်နန်း အနီးမှာ အမျိုးသားတစ်ဦး ဟာ အမော ဖောက်ကာ သတိလစ်မေ့လဲနေကြောင်း အကြောင်းကြားခဲ့တာကြောင့် ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့ တွေနဲ့သွားရောက် ကူညီပေးခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသားဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီးအမောဖောက်၍ နှလုံးရပ်ကာ ရုတ်တရက်သေဆုံးသွားခဲ့တာဖြစ်ပြီး ယင်းကို ကယ်ဆယ်ရေးအဖွဲ့များမှ ဇွဲကပင်တောင်ခြေသို့ သယ်ဆောင်ခဲ့ပြီး ပေးဆပ်သူ လူမှုကယ်ဆယ်ရေးအဖွဲ့ (မြိုင်ကလေး) မှ လူနာတင်ယာဉ်ဖြင့် လူနာရဲ့ နေရပ် မြိုင်ကလေးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။






