ထိုင်းနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အလျောက် ရိုးရာ ယဉ်ကျေးမှု ပုံစံတွေပါ ဆင်တူတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာထက် အိမ်နီးချင်း မြန်မာနိုင်ငံက ယဉ်ကျေးမှုတွေကို ပုံတူကူးလေ့ရှိတာကြောင့် မကြာခဏ ဝေဖန်ခံရလေ့လည်းရှိပါတယ်။ အခုတစ်ခေါက်မှာလည်း Miss Grand Mother Hong Son 2023 ရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံများဟာ ပရိသတ်တွေကြားမှာ ဝေဖန်မှု မြင့်တက်နေခဲ့ပါတယ်။




Miss Grand Mother Hong Son 2023 ပြိုင်ပွဲရဲ့ စင်မြင့်ထက်ပေါ်က ထိုင်းအလှမယ်တွေ ဝတ်ဆင်ထားတဲ့ ဝတ်စုံတွေဟာ သိသိသာသာကို မြန်မာ့ရိုးရာ ချိတ်ထဘီတွေဖြစ်ကြပါတယ်။ ဝတ်စုံဒီဇိုင်းတွေဟာဆိုရင်လည်း မြန်မာ့ရိုးဟာ ဒီဇိုင်းတွေ ဖြစ်တာ သိသာထင်ရှားတာကြောင့် ထိုင်းလူမျိုး အမျိုးသမီးလေးတွေက လှပပေမယ့် မလိုက်မဖက်ဖြစ်လို့နေပါတယ်။



မြန်မာ့ရိုးရာ ဝတ်စုံတွေကို အသုံးပြုထားတဲ့
Miss Grand Mother Hong Son 2023 ရဲ့ ပုံရိပ်တချို့ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

