ပုဇွန်ခြောက်ငံပြာရည်အစိုချက်နည်း

//s9.kh1.co/4a/4a90e0a118a2e0448bc57c4505a3cd29c643c965.jpg
MPT Lifestyle

 ၂၈-ဖေ-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ဒါမျိုး သာကြော်ပြီးသုံးရက်လောက်စားလို့ရတယ်နော်...

ငံပြာရည်ချက်ကောင်းကောင်းသာချက်ထား ထမင်းတစ်အိုးကတော့အေးဆေးလေးကုန်တယ်နော်... ဟင်းချက်ရမှာပျင်းတယ်ဆိုရင်လည်း ဒါမျိုး သာကြော်ပြီးသုံးရက်လောက်စားလို့ရတယ်နော်... ဆိုတော့ ပုစွန်ခြောက်ငံပြာရည် အစိုချက်နည်းလေးကို အခုပဲအတူတူလိုက်ချက်ကြည့်ရအောင်

https://s9.kh1.co/__image/w=250,h=250,q=100/30/30890afb0047eebf7a9def16faf984078b219b7a.jpg

ပုဇွန်ခြောက်တွေကိုရေဆေး၃ထပ်၄ထပ်လောက်

ထောင်းထားပါ....

ကြက်သွန်နီခပ်သေးသေး ငါးလုံးလောက်ပါးပါးလှီးပီး

ကြက်သွန်နီတွေအရင်ကြော်ပါမယ်။ နွမ်းလာပီဆိုကြက်သွန်ဖြူထည့်ပါမယ်

ထောင်းထားတဲ့ပုဇွန်ခြောက်ထည့်ပါမယ်...နွမ်းသွားသည်အထိကြော်ပေးပါ

ပြီးရင် ငံပြာရည်နဲ့အရသာတွေထည့်ပါမယ် ငံပြာရည်ကိုလဲကိုယ်ချက်တဲ့

အနည်းအများအပေါ်မူတည်ပီးထည့်ပါ ။ နောက်ဆုံးမှာ ရေနည်းနည်းထည့်ပေးပါ။ ရေခမ်းလာရင်ငရုပ်သီးစိမ်းသို့ ငရုတ်သီး ခွဲခြမ်းထည့်မွှေပါ

ဆီလေးထပ်ထည့် ရပါပြီရှင် ဟင်းချက်ပျင်းတဲ့သူတွေအတွက် သုံးရက် စာလောက်သိမ်းပြီးစားလို့ရပါတယ်နော်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T