Saudi Arabia Founding day မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ Christiano Ronaldo...

//s9.kh1.co/7c/7cfdca2f57fae64907cdfdd94fe045188a099a78.jpg
အားကစားသတင်းများ

 ၂၄-ဖေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Go‌at ကြီး ရှယ်အချစ်ခံနေရတာ...

အသက် ၃၈ နှစ်အရွယ် ဘောလုံးလောရဲ့ GOAT ကြီးတစ်ပါးဖြစ်တဲ့ Christiano Ronaldo ဟာ ကမ္ဘ့ာဖလားအပြီးမှာ Man U အသင်းမှ Saudi ကလပ်တစ်ခုကို စံချိန်တင်ပြောင်း‌ရွှေ့ကြေးနဲ့ သွား‌ရောက်ကစားခဲ့ပါတယ်။ Saudi ကလပ်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့သလို Ronaldo အတွက်လည်း Asia ပရိတ်သတ်တွေနှင့် မျက်မြင်တွေ့ရှိခွင့်ရခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=244,h=206,q=100/45/454545d3e6cdb1ce6685e4060366eed5da2666ec.jpg

Saudi Arabia မှာ မြန်မြန်နေသားကျခဲ့တဲ့ Ronaldo ဟာ Saudi Arabia Founding day မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ Saudi ရိုးရာဝတ်စုံနှင့် ဓားကိုင်ပြီး‌ ပျော်ပျော်ပါးပါးဆင်နွှဲနေတာကို Social Media မှာ တွေ့မြင်ရပါတယ်။

https://s9.kh1.co/__image/w=304,h=166,q=100/a7/a75ae400b0c310b7d8c1e7bca091167f78893a8d.jpg

Saudi Arabia founding day ကို ဖေဖော်ဝါရီ ၂၂ နှင့် ၂၃ တို့မှာ တစ်နိုင်ငံလုံးကျင်းပခဲ့ပြီး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးတာလို့လည်း သိရပါတယ်။ ‌နောက်လာမယ့် ၂၅ နှင့် ၂၆ မှာလည်း ထပ်မံကျင်းပမယ်လို့ ‌သိရပါတယ်။..

https://s9.kh1.co/__image/w=266,h=190,q=100/53/53fd4e4030f0061dd0af0b64b44b5c668ef25f6e.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T