ကုလားအစားစာ ချာပါတီကို ကြိုက်နှစ်သက်ကြတဲ့သူတွေရှိလား? ချာပါတီကို အိမ်မှာ မနက်စာအနေနဲ့ဖြစ်ဖြစ် အစာပြေအနေနဲ့ဖြစ်ဖြစ် ချက်စားချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဒီနေ့မှာ ချာပါတီလုပ်နည်းလေးကို ဝေမျှပေးသွားပါမယ်နော်... အရမ်းစားလို့ကောင်းပြီးအဆီလည်းနည်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်
ပါဝင်ပစ္စည်းများ

-----------------
ဂျုံကြမ်း - ၅၀ သား (အချပ်၂၀လောက်ရတယ်)
ဆား - လက်ဖက်ရည်စားဇွန်း ၁ ဇွန်း
သကြား - လက်ဖက်ရည် စားဇွန်း ၃ ဇွန်း
ထောပါတ် - လက်ဖက်ရည်စားဇွန်း ၂ ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
-------------
ဇလုံတစ်ခုထဲတွင် အပေါ်ကပစ္စည်းတွေအားလုံးထည့်ပီး သေချာနယ်ပေးပါ။
ပြီး ရင် ရေနဲနဲစီထည့်လိုက် နယ်လိုက် ရေနဲနဲထပ်ထည့်လိုက် နယ်လိုက်နဲ့ ဂျုံမှုန့်တွေအားလုံး ကုန်တဲ့အထိနယ်ပါမယ် (ဒီနေရာမှာ သတိထားရမှာက ရေကိုတစ်ခါထဲ အများကြီးမထည့်ရပါဘူး၊ အဲ့လိုထည့်လိုက်ရင် ရေတွေများသွားပီး ဂျုံတွေအရမ်းပျော့သွားလို့ လက်မှာကပ်ပီး နယ်လို့မကောင်းတော့ပါဘူး)။
နယ်ထားတဲ့ ဂျုံအလုံးကို အပေါ်ကနေ လက်ညှိုးလေးနဲ့ ထိုးပီး အပေါက်လေးတွေဖြစ်အောင်လုပ်ပါ၊ လက်ကိုရေစွတ်ပီး ဂျုံအပေါ်မျက်နှာပြင်ကို ရေစွတ်ပေးပါ၊ အပေါက်လေးတွေထဲကိုရေနဲနဲဝင်အောင်လုပ်ပေးပါ၊ ပီးရင် ဇလုံကို ပလပ်စတစ်အပါးလေးနဲ့ လေလုံအောင်ဖုံးထားပါ (သို့မဟုတ်) အဖုံးလုံတာလေးနဲ့ အုပ်ထားပါ။
နာရီဝက် တစ်နာရီလောက်ထားပီးရင် အဖုံးဖွင့်ကြည့်ပါ၊ ဂျုံသားက ပိုပွပီး ပိုအိနေပါလိမ့်မယ်၊ အဲ့အနေအထားကို ငါးမိနစ်လောက်ထပ်နယ်ပေးပါ၊ ဂျုံကအရမ်းပျော့ပီးလက်မှာကပ်နေရင် ဂျုံမှုန့်နဲနဲဖြူးပီး နယ်ပါ။
ဂျုံသားနူးညံ့လာပီဆိုရပါပီ၊ ဂျုံကို အလုံးလေးတွေလုံးပါမယ်၊ ဂျုံ ၅၀ သားနယ်ရင် အနေတော် အလုံး ဆယ့်ငါးလုံးရပါတယ်၊
အလုံးလုံးရလွယ်အောင် လက်နှစ်ဖက်ကိုဂျုံမှုန့်နဲ့အရင်ပွတ်ပီးလုံးရင် လက်မှာဂျုံမကပ်ပါဘူး။
အလုံးလုံးပီးရင် ဂျုံလိမ့်မယ့်အခင်းပေါ်ကို ဂျုံမှုန့်လေးတွေဖြူးလိုက်ပါ၊ပြီးရင် ဂျုံလုံးကို ဂျုံမှုန့်ထဲနစ်လိုက်ပီး ပြန်ခါလိုက်ပါ၊ ပီးမှ ဂျုံမုန့်ဖြူးထားတဲ့ အခင်ပေါ်တင်ပီး လိမ့်ပါ၊ အနေတော် အရွယ်အပြားရပီဆို ဇွန်းနဲ့ထောပတ်နည်းနည်း ယူပီး လိမ့်ထားတဲ့ ဂျုံအပြားပေါ်ကို သုတ်လိမ်းပေးပါ၊ ပြီးရင် လေးခေါက်ခေါက်လိုက်ပါ၊ လေးခေါက်က အတွင်းဖက်ကိုခေါက်ပါ။ ပြီးရင်ဒလိမ်းတုံးဖန်ပုလင်းနဲ့လှိမ့်ပြီး အိုးပူပူပေါ်မှာကြော်ပါ။ အိုးပူမှပွမှာပါ။ အိုးထူထူကို မီးပူပူပေးပြီးကြော်ပါ။ ဆီနည်းနည်းလေးသာထည့်ပါ... ဒါဆိုရင်တော့ အရသာရှိတဲ့ ချာပါတီရပါပြီ ။မိမိကြိုက်နှစ်သက်တဲ့ဟင်းအနှစ်နဲ့တွဲဖက်ပြီးစားလို့ရပါတယ်နော်...