ကျန်းမာရေးအတွက် သိထားသင့်တဲ့ အလှပြင် ပစ္စည်းတွေရဲ့ သက်တမ်း

//s9.kh1.co/1e/1e22ad7705dea2808e30acb46bb36c91eecdb1cc.jpg
MPT Lifestyle

 ၂၄-ဖေ-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

စားသောက်ကုန်တွေလိုပါပဲ အလှပြင်ပစ္စည်းတွေမှာလဲ ....

စားသောက်ကုန်တွေလိုပါပဲ အလှပြင်ပစ္စည်းတွေမှာလည်း သူ့သက်တမ်းနဲ့သူရှိကြပါတယ်။ Date ကျော်တဲ့ သက်တမ်းကို အလှပြင်ပစ္စည်းတွေကို သုံးမိတယ်ဆိုရင်တော့ အသက်အန္တရာယ်လောက်ထိ စိုးရိမ်စရာမရှိပေမယ့် အရေးပြားတွေကိုတော့ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အလှပြင် ပစ္စည်းတွေရဲ့ သက်တမ်းက ဘယ်လောက်ထိခံလဲဆိုတာကို ပြောပြပေးပါမယ်။

Mascara (မျက်တောင်ကော့ဆေး)

https://s9.kh1.co/__image/w=650,h=729,q=100/8a/8a0dd1a9dc8c15b8d968f2820cfbe22759620040.webp

မျက်တောင်ကော့ဆေး (Mascara) က အချိန်ကြာလာရင် မျက်စိကို ထိခိုက်တာမျိုး ဖြစ်စေနိုင်တာကြောင့် အနည်းဆုံး(၃) လလောက်ကို တစ်ကြိမ် အသစ်လဲပေးသင့်ပါတယ်။ ပျစ်ခဲခဲ ဖြစ်လာမယ်၊  အနံ့ တစ်မျိုး ဖြစ်လာမယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။ Mascara ကနေ ဘက်တီးရီးယားပိုးတွေ  ကူးစက်တတ်တာကကြာင့် သူများနဲ့ ဘယ်တော့မှ မျှဝေ မသုံးပါနဲ့။

Make-up (မိတ်ကပ်ရည်)

https://s9.kh1.co/__image/w=550,h=550,q=100/bc/bc83746e89a70b3fa353abcceb9d1e23469cf93d.jpg

မိတ်ကပ်ရည်ရဲ့ သက်တမ်းကတော့ (၆)လကနေ (၁)နှစ်ပါ။ မိတ်ကပ်အမြဲလိမ်းတဲ့ မိန်းကလေးတွေကတော့ ဒီအချက်ကို ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ အောက်ခံမိတ်ကပ်က တစ်နှစ်ကို တစ်ဗူးတော့ အနည်းဆုံး ကုန်နိုင်တာပါပဲ။ မိတ်ကပ်ရည် အရောင်တွေ ကွဲထွက်လာမယ်၊ အရောင် ဖျော့လာတယ်ဆိုရင် အသစ် ထပ်ဝယ်ဖို့ အချိန် တန်ပါပြီ။ ခရမ်းလွန်ရောင်ခြည်က မိတ်ကပ်ကို မြန်မြန် ပျက်စီး စေတာကြောင့် နေရောင်နဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။

Lipstick (နှုတ်ခမ်းနီ )

https://s9.kh1.co/__image/w=650,h=703,q=100/f8/f89d9b2d560a91d0a70e3eeead16c76af4016029.webp

နှုတ်ခမ်းနီတွေဆိုရင်လည်း (၁) နှစ်လောက်နေတာနဲ့ ဆက်မသုံးသင့်တော့ပါဘူးနော်။ ဘာလို့လဲဆိုတော့ နှစ်ကြာတဲ့ နှုတ်ခမ်းနီတွေက နှုတ်ခမ်း ခြောက်သွေ့ခြင်းနဲ့ နှုတ်ခမ်းသား မည်းညစ်ခြင်းတွေကို ဖြစ်စေတာကြောင့်ပါ။

Nail Polish (လက်သည်းနီ)

https://s9.kh1.co/__image/w=650,h=328,q=100/39/393813cfff5aade6ec082fae6920803ad14f8e33.webp

တချို့လက်သည်းနီတွေကတော့ ခမ်းလွယ်ပြီး တချို့ကတော့ တော်တော်လေး အဆိုးခံကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်သည်းနီ တစ်ပုလင်းကို တစ်နှစ်ပဲ ဆိုးပါနော်။ မဟုတ်ရင် လက်သည်းထိပ်နားမှာ ပိုးဝင်ပြီး ယားယံတာနဲ့ လက်သည်းဝါတာတွေ နှစ်ဆ ဖြစ်စေတာကြောင့်ပါ။

Powder (ပေါင်ဒါ)၊ Eyeshadow ၊ ပါးနီ

https://s9.kh1.co/__image/w=650,h=488,q=100/ee/ee5b9749abd4a740803024d6a99910c5e6e39e16.jpg

ပေါင်ဒါမိတ်ကပ်လေးတွေကတော့ တစ်နှစ် ကနေ နှစ်နှစ်လောက်အထိ အသုံးခံပါတယ်နော်။ မျက်လုံးပေါ်မှာ ခြယ်တဲ့ eye shadow တွေကတော့ နှစ်နှစ်လောက် နောက်ဆုံးထားပြီး သုံးပါ။ ဒီထက်အချိန်ကြာရင် မျက်လုံးထိခိုက်နိုင်ပါတယ်။ ပါးနီကတော့ မျက်နှာမှာ အပေါ်လွင်ဆုံး ခြယ်သတဲ့နေရာပါ။ ပါးနီဗူးလေးတွေကိုတော့ (၁) နှစ်ကနေ (၂) နှစ်အတွင်းပဲ သုံးသင့်ပါတယ်။

သင့် မှန်တင်ခုံပေါ်မှာ နေရာယူထားတဲ့ အလှပြင် ပစ္စည်းတွေကရော ဘယ်လောက် ကြာပြီလဲ ဆိုတာ စစ်ဆေး ကြည့်လိုက်ပါဦးနော် ……

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T