ကြက်ဆီထမင်းမွှေးမွှေးလေးလို့ပြောလိုက်တာနဲ့ ဗိုက်ဆာနေကြပြီဟုတ်… ဒန်ပေါက်တို့ ထောပတ်ထမင်းတို့လိုပဲ ပွဲလမ်းသဘင်မှာ နေရာယူထားခြင်းခံရတဲ့ ကြက်ဆီထမင်း ကို မကြိုက်တဲ့သူ မရှိသလောက်ပါပဲနော်…
ဆိုတော့ ဒီနေ့ဆိုင်ကြီးတွေမှာ ပဲဝယ်စားလေ့ရှိတဲ့ ကြက်ဆီထမင်းကို ကိုယ့်အိမ်ကမိသားစုနဲ့အတူ အဝစားလို့ရအောင် အိမ်မှာချက်ရမယ့်နည်းလေးပြောပြပေးပါမယ်…
လွယ်ကူရိုးရှင်းပြီး ချက်နေကြထမင်းပေါင်းအိုးနဲ့ပဲ ချက်လို့ရတဲ့ နည်းလမ်းလေးမလို့ အတူတူ လိုက်ချက်ကြည့်ကြဦးနော်…

ပါဝင်ပစ္စည်းများ
ကြက်သားပေါင်(သို့) ရင်ဖုံ (မိမိကြိုက်နှစ်သက်ရာ) ၊ ကြက်သားအရေခွံ ၁ဆယ်သား၊ ကြက်သွန်ဖြူ၊ အရသာမှုန့် ၊ ဆား အနည်းငယ် ၊ ငံပြာရည်းအနည်းငယ်၊ ထမင်း ၊ ရေအနည်းငယ် ၊ နံနံပင်၊ ယိုးဒယားငံပြာရည် ၊ ဂျင်း၊ သကြားအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်

(၁) အဓိကအစာပလာ ကြက်ပေါင်နဲ့ကြက်အရေခွံကိုသုံးပြီးချက်ရမှာဖြစ်ပါတယ် ကြက်ပေါင်ကိုအရိုးထုတ်ထားလိုက်ပြီး အရိုးကိုဟင်းရည်လေးလုပ်ဖို့ ပြုတ်လိုက်ပါ။ အသားက ထမင်းနဲ့တွဲစားဖို့ဖြစ်ပြီး အရေခွံကတော့ ကြက်ဆီထမင်းချက်ဖို့ပါနော်
(၂) အရင်ဆုံး ကြက်ပေါင်ကိုနပ်ပါမယ် ဂျင်းနုနုတစ်ဆစ်ကို ညက်နေအောင်စင်းပြီးထည့်ပေးလိုက်ပါ ဂျင်းနုနုမရှိဘူးဆိုရင် ဂျင်းကိုညက်ေအာင်ထောင်း၊အရည်ညစ်ထည့်ပြီး နပ်ေပးနိုင်ပါတယ် ဆားနဲ့ အရသာမှုန့်တို့ကိုလဲထည့်ပေးပြီး အနည်းဆုံးတစ်နာရီလောက် နပ်ထားပေးလိုက်ပါ ဆားကို ပုံမှန်ထည့်တာထက် အနည်းငယ်ပိုထည့်ပေးပါ ကြက်သားကိုအရသာဝင်အောင် သေချာနှပ်ပြီးနယ်ပြီး မှ ထမင်းထဲထည့်ချက်လို့ရပါမယ်

(၃) အသားနပ်ထားပြီဆိုရင်အရေခွံနဲ့ ကြက်ဆီလုပ်ပါမယ် အိုးထဲကို ဆီအနည်းငယ်ထည့်၊ ကြက်အရေခွံထည့်၊ ကြက်သွန်ဖြူအနည်းငယ်ကိုလဲ ဓားပြားရိုက်ပြီးထည့်ပေးလိုက်ပါ။ ပြီးရင်မီးအေးလေးနဲ့စကြော်ပေးလိုက်ပါမယ်နော်…

(၄) မီးအေးလေးနဲ့ အရေခွံရယ် ကြက်သွန်ဖြူရယ်ကို အရောင်ပြောင်းလာတဲ့အထိ ဖြေးဖြေးကြော်ပေးလိုက်ပါ ကြက်ဆီမွှေးမွှေးလေးရပါပြီကြော်ချိန် မီးကြီးလို့မရပါဘူးမတူးအောင်သတိထားပြီးကြော်ပေးရပါမယ် တူးသွားရင်တော့ အနံ့မွှေးတာပျောက်သွားပါတယ်နော်
(၅) အသားနပ်ချိန်ပြည့်ပြီဆိုရင် စချက်လို့ရပါပြီ ဆန်ကိုနို့ဆီဘူး 2ဘူးစာချက်ပါမယ် အဝစားပွဲကြီး 6ပွဲစာလောက်ထွက်ပါတယ် ချက်မဲ့ပေါင်းအိုးထဲ ဆန်ထည့်၊ဆားနဲ့အရသာမှုန့်ကိုလဲထည့်ပေးလိုက်ပါ ရေကိုလဲ ပုံမှန်ထမင်းချက်သလိုပဲထည့်ပေးပါ ရေထည့်ပြီးရင် ဆားသမသွားေအာင် လက်လေးနဲ့နည်းနည်းမွေပေးလိုက်ပါမယ် ပြီးရင် ကြက်ဆီ 2ဇွန်း(ထမင်းစားဇွန်း)ကိုလဲထည့်ပေးလိုက်ပါ
(၆) ကြက်ဆီထည့်ပြီးရင် နပ်ထားတဲ့ကြက်ပေါင်ကိုလဲထည့်ပေးလိုက်ပါမယ်(ပုံထဲကအတိုင်း) ပြီးရင်ခလုတ်နိုပ်ပြီးချက်ပေးလိုက်ရုံပါပဲ

(၇) ပြီးရင်တော့ ထမင်းပေါင်းအိုးထဲက ကြက်ပေါင်ကို ထုတ်ပြီး ထမင်းကို သမအောင်ဖွဖွလေးနယ်လိုက်ပါ။
(၈) ဒါဆိုရင်တော့ အရမ်းကို အရသာရှိပြီးစားလို့ကောင်းတဲ့ကြက်ဆီထမင်းလေးရပါပြီနော်
(၉) အချဉ်လုပ်ဖို့အတွက် ယိုးဒယားငံပြာရည်အကြည်နှစ်ဇွန်း၊ ရေနွေးအနည်းငယ်၊ ကြက်သွန်ဖြူ၊ နံနံပင်၊ သကြားအနည်းငယ်၊ အရသာမှုန့်အနည်းငယ် ထည့်ကာ ရှာလကာရည်တစ်ဇွန်းထည့်ပါ။
အရသာအနေတော်ဆိုရင်စားလို့ရပါပြီနော်
ထမင်းပူပူ ကြက်သားအိအိလေးကိုမှ အရိုးပြုတ်ဟင်းချိုလေးသောက်ပြီး အချဉ်ကောင်းကောင်းလေးနဲ့ကြက်ဆီထမင်းလေးကို မိသားစုနဲ့အတူ စားလို့ရအောင်အခုပဲလုပ်စားကြည့်လိုက်တော့နော်