တောင်ကိုရီးယားမင်းသား Song Joong-ki ရဲ့ မင်္ဂလာသတင်းဟာဆိုရင် လက်ရှိမှာ ဟုန်းဟုန်းတောက် နာမည်ကြီးပြီး လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ Song Joong-ki ရဲ့ မင်္ဂလာသတင်းကို သဘောတူတဲ့သူတွေထက်သဘောမတူတဲ့ သူတွေက ပိုများလျက် ရှိပါတယ်။ Song Joong-ki က ပထမဇနီးဖြစ်သူ Song Hye Kyo နဲ့တုန်းကလိုမျိုး ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲကြီး ကျင်းပသွားမယ်ဆိုတဲ့ အတွက်ကြောင့်လည်း ပရိသတ်တွေက ပိုပြီးဒေါသထွက်နေကြတာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ Song Joong-ki ရဲ့ မင်္ဂလာပွဲအခမ်းအနားကို မပျက်မကွက် တက်ရောက်နိုင်မယ်လို့ ယူဆထားတဲ့အနုပညာရှင် စာရင်းထွက်ရှိလို့ လာခဲ့ပါတယ်။
အဆိုပါ အနုပညာရှင်စာရင်းထဲမှာ ပါဝင်နေတဲ့ နာမည်ကြီး အနုပညာရှင် တွေက Lee Kwang Soo ၊ Park Bo Gum၊ Kim Ji-won ၊ Kim Tae Ri ၊ Bae Sung Woo ၊ Cha Tae Hyun ၊ Jo In Sung ၊ Song Joong Ki ၊ Lee Kwang Soo ၊ Kim Ki Bang ၊ Im Joo Hwan ၊ Do Kyung Soo နဲ့ Kim Woo Bin တို့ပဲ ဖြစ်ပါတယ်။
Lee Kwang Soo နှင့် Park Bo Gum
တောင်ကိုရီးယားထိပ်တန်းတွေဖြစ်ကြတဲ့ Lee Kwang Soo နဲ့ Park Bo Gum တို့က မင်းသား Song Joong Ki နဲ့အရမ်း ရင်းနှီးတဲ့သူတွေ ဖြစ်ကြပါတယ်။ Lee Kwang Soo က Song Joong Ki ရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ်ပြီးPark Bo Gum ကတော့ Song Joong Ki ကို အမြဲ ထောက်ပံ့ပြီး အားဖြည့်ကူညီပေးနေတဲ့ ဂျူနီယာလေး ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ နှစ်ဦးကတော့ မင်္ဂလာပွဲကို လုံးဝတက်ရောက်ကြမှာပါ။
Kim Ji-won
မင်းသမီး Kim Ji Won ဟာဆိုရင်လည်း Song Joong Ki နဲ့အတူ ကျောင်း အတူတူတက်ဖူးတဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Kim Ji Won က Song Joong Ki ကို သူမရဲ့ အရင်းနှီးဆုံး စီနီယာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် သူမ စီနီယာရဲ့ မင်္ဂလာပွဲကို သေချာပေါက်တက်ဖြစ်အောင် တက်မှာ ဖြစ်ပါတယ်။
Kim Tae Ri
မင်းသမီး Kim Tae Ri ဟာဆိုရင်လည်း Song Joong Ki နဲ့ ရင်းနှီးလွန်းတဲ့ လုပ်ဖောင်ကိုင်ဖက်ဖြစ်တာကြောင့်dating rumors တွေအထိ ထွက်ဖူးတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် Kim Tae Ri ကလည်း မင်္ဂလာပွဲကို လုံးဝသေချာပေါက် တက်ရောက်မှာပါ။
Bae Sung Woo ၊ Cha Tae Hyun ၊ Jo In Sung ၊ Song Joong Ki ၊ Lee Kwang Soo ၊ Kim Ki Bang ၊ Im Joo Hwan ၊ Do Kyung Soo နဲ့ Kim Woo Bin တို့ဟာဆိုရင် တောင်ကိုရီးယား အနုပညာလောကမှာ အကောင်းဆုံးထိပ်တန်း သူငယ်ချင်း ၉ ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရသူတွေဖြစ်ပါတယ်။ ဒါကြောင့် ၉ ယောက်ထဲကအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Song Joong Ki ရဲ့ မင်္ဂလာပွဲကို ကျန်တဲ့ ၈ ယောက်က သေချာပေါက် တက်ရောက်ဂုဏ်ပြုပေးကြမှာပဲဖြစ်ပါတယ်။
Song Joong Ki ရဲ့ မင်္ဂလာပွဲကို ကျိန်းသေပေါက် တက်ရောက်ဂုဏ်ပြုပေးကြမယ့် ထိပ်တန်း နာမည်ကြီးအနုပညာရှင်စာရင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။