ကဲ... One championship ကတော့ မြန်မာ့ ဂုဏ်ဆောင် ကချင်သားကြီး အောင်လအန်ဆန်ရဲ့ နောက်ထပ်ပွဲတစ်ပွဲကို ကြေငြာလာခဲ့ပါပြီ။ ဒီတစ်ခါမှာတော့ အောင်လအန်ဆန်း က တရုတ်ဖိုက် ဖန်ရောင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီး သူတို့ပွဲစဉ်ကိုတော့ လာမည့် မေလ ၅ ရက်တွင် အမေရိကန်နိုင်ငံမှာ ထိုးသတ်သွားမည်ဖြစ်ကြောင်း One Championship က ကြေငြာခဲ့ပါတယ်။

အောင်လအန်ဆန်းရဲ့ ပြိုက်ဘက် ဖန်ရောင်းဟာ လက်ရှိမှာ အသက်(၃၀) နှစ်ရှိပြီး MMA ကစားသမားဘဝတစ်လျှောက် ပွဲစဉ်စုစုပေါင်း ၂၂ ပွဲ ထိုးသတ်ခဲ့ရာ ၁၉ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားသူတစ်ယောက်ပါ။ အသက် (၃၈)နှစ်အရွယ် အောင်လအန်ဆန်းကတော့ MMA ကစားသမားဘဝတစ်လျှောက် ပွဲစဉ် စုစုပေါင်း ၄၂ ပွဲထိုးသတ်ခဲ့ရာ ၂၉ ပွဲနိုင်၊ ၁၃ ပွဲရှုံးနိမ့်ထားပါတယ်။

ယခုပွဲစဉ်ကလည်း အောင်လအန်ဆန်းအတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်တာကြောင့် ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ ဘရာဇီးဖိုက်တာ ဂါဗာဒိုနှင့် ဂျပန်ဖိုက်တာ ယူရှင်အိုကာမီတို့လို ကချင်သားကြီး အောင်လအန်ဆန်းက ပထမအချီမှာပဲ အလဲထိုးနိုင်ဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

သတင်း အရင်းအမြစ်៖ Source - One Championship





