ရေခဲကို တော်တော်များများကတော့ ဒဏ်ရာအနာတရ ဖြစ်တဲ့အခါ ယောင်ရမ်းတာတွေ မရှိစေဖို့ ကပ်ကြသလို အအေးထဲ ထည့်ဖျော်ကြတာလည်း ရှိပါတယ်။ ဒါ့အပြင် တော်တော်များများက မသိသေးတာက ရေခဲကို အလှအပအတွက် သုံးပေးလို့ ရတယ်ဆိုတာပါပဲ။ အလှအပအတွက် ရေခဲက ဘာတွေ အသုံးဝင်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
မျက်နှာအဆီပြန်ခြင်း

ရေခဲတုံးလေးတွေကို ထုပ်ပြီး မျက်နှာမှာ ကပ်ပေးမယ်ဆိုရင် မျက်နှာအဆီပြန်ခြင်းကို သက်သာစေပါတယ်။ အဆီပြန်တဲ့ အသားအရေက ဝက်ခြံလည်း ဖြစ်စေနိုင်တာမို့ ရေခဲလေးကပ်ပြီး မျက်နှာအဆီပြန်တာကို နှုတ်ဆက်လိုက်လို့ ရပါတယ်။
ဝက်ခြံနဲ့ အမာရွတ်

ရေခဲကတော့ ယောင်ရမ်းတာတွေကို သက်သာစေတဲ့အပြင် ဝက်ခြံထပ်မထွက်အောင်လည်း ကူညီပေးပါတယ်။ သတိထားရမှာကတော့ ဝက်ခြံက ဘက်တီးရီးယားတွေကြောင့် ပြည်တည်သလို ယောင်ရမ်းနေတယ်ဆိုရင် ရေခဲကပ်တဲ့အခါမှာ သတိထားဖို့တော့ လိုပါတယ်။
အသားရေကြည်လင်ဝင်းပလာစေခြင်း

မျက်နှာကို ရေခဲတုံးနဲ့ ပွတ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး ကြည်လင်ဝင်းပတဲ့အသားရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။
နေလောင်ဒဏ်ကို ကုသပေးခြင်း

နေလောင်ဒဏ်ကို ကုသတဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းက ရေခဲတုံးကို အသုံးပြုပြီး ကုသခြင်းပါပဲ။ နေလောင်ဒဏ်ဖြစ်တဲ့နေရာမှာ ရေခဲတုံးကိုပုံမှန်ကပ်ပေးမယ်ဆိုရင် နီမြန်းတာတွေကို သက်သာသွားစေနိုင်ပါတယ်။
ကဲ..အခုဆိုရင် ရေခဲကပေးစွမ်းနိုင်တဲ့ အလှအပတွေကို သိရပြီဆိုတော့ မျက်နှာလေး လှပသွားအောင် အိမ်မှာ လုပ်ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်နော်။