ဖက်ထုပ်ဆိုရင် အိအိလေးမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ အရမ်းကို နူးညံ့ပြီးစားလို့ကောင်းတဲ့ ပုစွန်ဖက်ထုပ်ပေါင်းလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်နော်…

ကျန်းမာရေးနဲ့ညီညွတ်ပြီး လူကြီးလူငယ်မရွေး ကြိုက်မယ့် အစားစာလေးမလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်
ပါဝင်ပစ္စည်းများ
_ဖက်ထုပ်ရွက်၊ ပြောင်းဖူးအဝါပြုတ်၊ မုန်လာဥနီ၊ ပြောင်းကော်မှုန့် ၊ပုစွန်၊ ရေနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်

ပြုလုပ်ပုံအဆင့်ဆင့်
(၁) ပြောင်းဖူးစေ့၊ မုန်လာဥနီ၊ ပုစွန်များကို ရောကြိတ်ထားပါ။ အရသာမှုန့်နဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။
(၂) ဖက်ထုပ်ရွက်ထဲကိုကြိတ်သားများထည့်ပြီး ကိုယ်ကြိုက်သလို ပုံလေး လိပ်လိုက်ပါ။
(၃) ပြီးရင် ပေါင်းအိုးပေါ်မှာတင်ပြီးပေါင်း ပါ။

(၄) ၁၅မိနစ်လောက်အိအိလေးပေါင်းပြီးရင်တော့ စားလို့ရပါပြီနော်
ကဲ အရမ်းကို စားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်….





