ဂေါ်ဖီထုပ်စားခြင်းရဲ့ ကောင်းကျိုးများ

//s9.kh1.co/5d/5dc07e52a6015f096867b3c6755f6c8af3510d9c.jpg
MPT Lifestyle

 ၂၉-ဇန်-၂၀၂၃ ၆pm · လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံရဲ့ဈေးကွက်ထဲမှာ ဝယ်ရတာလဲလွယ်ကူသလို ဈေးသက်သာပြီး

မြန်မာနိုင်ငံရဲ့ဈေးကွက်ထဲမှာ ဝယ်ရတာလဲလွယ်ကူသလို ဈေးသက်သာပြီး ရာသီအချိန်မရွေးဝယ်စားနိုင်တဲ့ ဂေါ်ဖီထုပ်ကတော့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ စားစရာတစ်ခုဆိုရင်လဲ မမှားပါဘူး။

//s9.kh1.co/2c/2cc50346348470c0e722bca5b465cd4760b9cb9a.gif

ဂေါ်ဖီ မှာပါတဲ့ anthocyanins က ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းမှု ကောင်းစေပါတယ်။

ဂေါ်ဖီထုပ်မှာ ဗီတာမင် C၊ ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါတွေအပြင် ဂေါ်ဖီမှာ ခန္ဓာကိုယ် ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။

https://s9.kh1.co/__image/w=512,h=314,q=100/3c/3c361183025c9196d7b428b17b1007e3dcd2ec15.jpg

အမျှင်ဓာတ် ပါဝင်နေမှုက အဆာခံနိုင်စေဖို့ အားဖြည့်ပေးပြီး အစား ခဏခဏ မစားမိအောင် ကာကွယ်ပေးတာကြောင့် အဝမလွန်အောင် ကာကွယ်ပေးပါတယ်။ ဝိတ်ချနေသူတွေ အတွက်လည်း အထူး သင့်တော်ပါတယ်။

https://s9.kh1.co/__image/w=650,h=469,q=100/43/435849f406200e7643528682fcda031f8bd856a7.jpg

ဂေါ်ဖီထုပ်ဟာ အူလမ်းကြောင်းအတွက် ကောင်းကျိုးပြုတဲ့အစာတွေလည်း ဖြစ်ပါတယ်။ ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်တွေကို အစာခြေလိုက်တဲ့အခါမှာ အင်ဒိုးသရီးကာဘင်နော ဆိုတဲ့ ဓာတ်ပစ္စည်းထွက်ပါတယ်။ ဟင်းချက်တဲ့ အခါ အဲဒီ အင်ဒိုးသရီးကာဘင်နော ဓာတ်ကို မပျက်မစီးအောင်ထိန်းသိမ်းဖို့လိုပါတယ်။ ဒါကြောင့် အဆိုပါဓာတ်တွေ  မပျက်ဆီးအောင် “အကျက်လွန်အောင် မချက်၊ မကြော်ဖို့” လိုပါတယ်နော်။

https://s9.kh1.co/__image/w=600,h=602,q=100/49/493b3f6afe75603a4579c0b3772ef20b12a9ffc4.png
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T