မိုးသည်းထန်စွာရွာသွန်မှုကြောင့် နယူးဇီလန်မှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်

//s9.kh1.co/13/1359af36704ad1e77618c99457c8effb5bb5f33d.jpg
နေ့စဉ်သတင်းများ

 ၂၈-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

မိုးသည်းထန်စွာရွာသွန်မှုကြောင့် နယူးဇီလန်မှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်

နယူးဇီလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အော့ကလန် မှာ ရေကြီးရေလျှုံမှုများဖြစ်ပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပါတယ်။ သောကြာနေ့ညနေပိုင်းက ရုတ်တရက် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် မြို့ရဲ့ အနိပ်ပိုင်းနေရာတွေမှာ ရေကြီးရေလျှုံမှုများဖြစ်ပေါ်ခဲတာပါ။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

နိုင်ငံရဲ့ မိုးလေးဝသဌာနကတော့ မိုးရွာသွန်းပြီး နာရီပိုင်းအတွင်း အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ အော့ကလန်မှာ ၂၄ နာရီအတွင်း စံချိန်တင် မိုးရွာသွန်းမှု ၂၄၉ မီလီမီတာ ရွာသွန်းခဲ့ပြီး ယခင်စံချိန် ၁၆၁ မီလီမီတာကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ ရေလွှမ်းမှုကြောင့် သေဆုံးသူ နှစ်ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယနေ့နံနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အဆိုပါ ရေကြီးရေလျှုံမှုတွေကြောင့် မြို့တော်ရဲ့ နိုင်ငံတကာလေဆိပ်ကို ပိတ်ထားခဲ့ရသလို သောင်တင်နေသည့် ခရီးသည် ၂၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တစ်နာရီလျှင် ၄၀ မှ ၈၀ မီလီမီတာအထိ ရေကျဆင်းနေပြီလို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source -news.com.au

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T