ရုရှားရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအရပ်သား အနည်းဆုံး ၁၁ ဦးသေဆုံး

//s9.kh1.co/2d/2d6046439053501845f1dadb795d144b82166bac.jpg
နေ့စဉ်သတင်းများ

 ၂၇-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

.

ရုရှားဒုံးကျည်တွေ ဒရုန်းတွေကြောင့် ယူကရိန်းအရပ်သား ၁၁ ဦးသေဆုံခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေဟာ အမေရိကန် ဂျာမနီနဲ့ အနောက်နိုင်ငံတွေက ယူကရိန်းကို အဆင့်မြင့်တင့်ကားတွေပေးဖို့ ဆုံးဖြတ်ပြီး နောက်မှာ စတင်ဖြစ်ခဲ့တာပါ။

Photo Credit - From Google
Photo Credit - From Google

ဇန်နဝါရီ ၂၆ ရက်နေ့တစ်ရက်တည်းမှာပဲ ရုရှားက ဒုံးကျည်မျိုးစုံ ၅၅ စင်းနဲ့ အီရန်လုပ် ဒရုန်း ၂၄ စင်းနဲ့ နေရာအနှံ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသတင်းတွေက ဖေါ်ပြပါတယ်။ ဒုံးကျည် ၈ စင်းကတော့ လူနေအဆောက်အအုံနေရာတွေကို ထိမှန်ခဲ့တာကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံ ၃၀ ကျော် ပျက်စီးခဲ့တယ်ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုမှာ ရုရှားက လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက်အသုံးပြုတဲ့ S-300 ဒုံးကျည်တွေနဲ့ လေယာဥ်တင် သင်္ဘောတွေကို ပစ်ခတ်တဲ့ဒုံးကျည်တွေ ဖြစ်ကြောင်း ၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပစ်မှတ်ကို အတိအကျထိမှန်နိုင်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်မှတ်အားလုံး ထိမှန်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - BNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T