ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန် ကနဦးအဆိုပြုချက် အောင်မြင်

//s9.kh1.co/13/139f63ca182be8e99a7ab7a1494e53525c1ce083.jpg
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

စုန်ကရန် လို့ အမည်ရလူသိများတဲ့ ထိုင်းသကြင်္န်ရေသဘင်ပွဲတော်ကို..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စုန်ကရန်(Songkran)လို့ လူသိများတဲ့ ထိုင်းရေသဘင်ပွဲတော်ကို ထိုင်းနိုင်ငံ က သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုခဲ့ပြီး ၎င်းအဆိုပြုချက်ကို ယူနက်စကို (UNSECO) က လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာခဲ့ပါပြီ။

Photo Credit From Original Uploader
Photo Credit From Original Uploader

စုန်ကရန်အမည်ရ ထိုင်းသကြင်္န်ရေသဘင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage - ICH) အဖြစ် စာရင်းသွင်းဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်ပြီး ICH ဟာ ကမ္ဘာ့အမွေအနှစ် လို့ သတ်မှတ်ရတဲ့အထိ မဟုတ်ပေမယ့်လည်း ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူညီတဲ့အထိကို ဩဇာကြီးမားတယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

Khon အပါအဝင် Thai Massage နဲ့ ထိုင်းတောင်ပိုင်းက နိုရာအက တို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေး မှုအမွေအနှစ်အဖြစ်အသိအမှတ်ပြုခံထားရပြီး ဖြစ်တဲ့အတွက် ထိုင်းရေသဘင်ပွဲတော်ဟာ လည်း ထိုင်းနိုင်ငံရဲ့ လေးခုမြောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာနိုင်ခြေ များတဲ့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်ကောက်ညင်းအုန်းနို့ဆမ်း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုတွေကိုလည်း ICH စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တကယ်ဆိုရင်တော့ သကြင်္န်ပွဲတော်ဆိုတာဟာ မြန်မာနိုင်ငံ က ပထမဦးဆုံး ၊ အဲ့နောက်မှာ ကမ္ဘောဒီးယားနိုင်ငံ နဲ့ ထိုင်းနိုင်ငံတွေက ကျင်းပပြုလုပ်ခဲ့ကြပေမယ့် ထိုင်းနိုင်ငံ က အခုလိုယဉ်ကျေးမှုအမွေအနှစ်စာရင်းသွင်းလိုက်တာကြောင့် ဝေဖန်မှုတွေအဆမတန်ဆိုသလိုမြင့်တက်နေပါပြီ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T