အာလူးစားခြင့်ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

//s9.kh1.co/c5/c52b353aeb60ce7ae0feb2c685442bf97aaabc57.jpg
MPT Lifestyle

 ၂၈-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

အာလူးကကြော်စားရင် ကယ်လိုရီများတယ်ဆိုပေမယ့် .....

ဒီတစ်ခေါက်မှာတော့ အာလူးကပေးတဲ့ ကျန်းမာရေး အကျိုးကျေဇူးတွေ အကြောင်းကို မျှဝေပေးပါ့မယ်။ အာလူးကကြော်စားရင် ကယ်လိုရီများတယ်ဆိုပေမယ့် ချက်ပြုတ်စားမယ် ၊ မီးဖုတ်စားမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

- အာလူးမှာ ပရိုတင်းဓာတ်လဲအနည်းငယ်ပါဝင်တာမို့ ခန္ဓာကိုယ်အလေးချိန်တက်လိုပါက အဆီဓာတ်နဲတဲ့ အာလူးကို ဓာတ်စာအဖြစ် စားသုံးပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/45/4500aa47664286a193e960f4d53f8e0205dfdf16.jpg

- အာလူးက ရောင်ရမ်းမှုတွေကို သက်သာစေတဲ့အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ အာလူးကိုအခွံမနွှာဘဲ ပါးပါးလှီးကာ ပေါင်းခံရည်ထဲမှာစိမ်ပြီး နံနက်တိုင်း အစာမစားမီသောက်ပေးမယ်ဆိုရင်လည်း ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

- အာလူးအစိမ်းကိုပါးပါးလှီးပြီး အရေပြားပေါ်မှာကပ်ပေးမယ်ဆိုရင်  အရေပြားနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အနီကွက်အဖုအပိမ့်တွေထခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းနဲ့ အသားရေခြောက်သွေ့ခြင်းတို့ကနေ ကင်းဝေးစေပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/8c/8c1b3316ab2ecf7111db2f5d2152a2a9dfa660d3.jpg

- အာလူးက လူကို ခွန်အားဖြစ်စေနိုင်တာကြောင့် ဝမ်းသွားပြီး အားနည်းသောသူတွေ၊  အားပြန်လည်ဖြည့်တင်းရန်အတွက် အာလူး ကို ဓာတ်စာအဖြစ်စားပေးလို့ရပါတယ်။ ဒါပေမယ့်လည်း အာလူးမှာ  ကစီဓာတ်များစွာ ပါဝင်တာကြောင့် အလွန်အကျွံစားသုံးပါက ဝမ်းလျောစေနိုင်တာကြောင့် သတိထားသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7b/7bcd1b8c1c18341060ea0836f8c9d978b44cb2b3.jpg

- အာလူးမှာပိုတက်ဆီယမ်ဓာတ်ပါရှိတာကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး သွေးပေါင်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

-အာလူးကိုပါးပါးလှီးကာ မျက်လုံးပေါ်မှာကပ်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျမှုကြောင့်ဖြစ်ပေါ်စေတဲ့ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/99/9998d18b6e16a7cfaa86610f9e4737ea4945ac7c.jpg
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T