ယနေ့ နံနက်အစောပိုင်းက မိသားစု (၄)ဦးသေဆုံးခဲ့တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်က နေအိမ်မီးလောင်မှု

//s9.kh1.co/a1/a1f3a9ba6187b7d953be348e344763e39b17c4ab.jpg
နေ့စဉ်သတင်းများ

 ၂၅-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ယနေ့ နံနက် (၂)နာရီ (၂၂) မိနစ် က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ၊ Capital အနီးမှာ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယနေ့ ဇန်နဝါရီ (၂၅)ရက်နေ့ ၊ နံနက်အစောပိုင်းအချိန်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်အတွင်း ၎င်းနေအိမ်အတွင်းနေထိုင်နေတဲ့ မိသားစုဝင် (၄) ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းများရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ ၊ နံနက် (၂) နာရီ (၂၂) မိနစ်အချိန်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်ရှိ စိန်ပန်မြိုင် (၁)လမ်းက လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်အုပ်စုများဖြင့် Level 1 အဆင့် ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက်( ၂) နာရီ (၅၀) မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မီးလောင်တဲ့အိမ် ဟာ Capital နောက်ကျောကပ်ကအိမ် ဖြစ်ကြောင်း သိရပြီး အသံတွေဆူညံလို့ သွားကြည့်ရာမှ မီးလောင်နေကြောင်းသိရတယ် လို့ အနီးဝန်းကျင်မှ ပြောကြားချက်အရ သိရပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့တဲ့ အမျိုးသားရုပ်အလောင်း (၁) လောင်းနဲ့ အမျိုးသမီးရုပ်အလောင်း (၂) လောင်းကို တွေ့ရှိခဲ့တယ်လို့ မေတ္တာအလင်းလူမှု့ကူညီရေးအသင်း(ဗဟန်း)က ဆိုပါတယ်။ နေအိမ်မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သူ (၄) ဦးမှာ အိမ်ရှင်ဖြစ်သူ ဒေါ်ရိုစီ(၉၀နှစ်)အပါအဝင် ဒေါ်ရိုစီရဲ့သားဖြစ်သူ ဦးသက်ကိုဝင်း(၅၀နှစ်)နဲ့ ဒေါ်ရိုစီအားပြုစုရန် ငှားထားတဲ့ သူနာပြု မသပြေ(၁၈နှစ်)နဲ့ မဇင်ငြိမ်းအေးတို့ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T