(၂၀၂၂) ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တအား ကို ထူးချွန်လွန်းပြီး ခြေစွမ်းကောင်းမွန်မှုကြောင့် ပြင်သစ်အသင်းနဲ့အတူ လူသိများကျော်ကြားလာခဲ့သူ ၊ ဘောလုံးဝါသနာရှင် ပရိသတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရရှိခဲ့သူကတော့ လိပ်နင်ဂျာ လို့ အားလုံးက ချစ်စနိုးခေါ်ဆိုကြတဲ့ အသက်(၂၄)အရွယ်ရှိ ပြင်သစ်နိုင်ငံသား အမ်ဘာပေ ပဲ ဖြစ်ပါတယ်။
ပရိသတ်အချစ်တော် အမ်ဘာပေ ဟာ သူ့ရဲ့ Instagram စာမျက်နှာမှာ စတိုင်ခပ်မိုက်မိုက်နဲ့ ပုံတစ်ပုံ ကို သာမန်လိုလို တင်ခဲ့ပေမယ့် အဆိုပါပုံ ဟာ မသိမသာ ထူးခြားနေခဲ့ပါတယ်။ ဘာကြောင့်ထူးခြားနေလဲဆိုရင် အဆိုပါပုံမှာ ဝတ်ဆင်ထားတဲ့ ဖိနပ်ဟာ K-Pop ဘုရင် G-Dragon ရဲ့ PEACEMINUSONE နဲ့ Nike တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဖိနပ်ကို စီးထားခဲ့တာကြောင့်ပါပဲ။
အဆိုပါ ဖိနပ် ကို para-noise လို့အမည်ပေးထားကာ G-Dragon ရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ PEACEMINUSONE နဲ့ NIKE AIR FORCE 1 တို့ရဲ့ ပူးပေါင်းထုတ်လုပ်မှုဖြစ်ပြီး တစ်ကမ္ဘာလုံးက နာမည်ကျော်တွေကပါ အလုအယက် ဝယ်ယူခဲ့ရတဲ့ အမိုက်စား ဖိနပ်ပဲဖြစ်ပါတယ်။ အဲ့သလို အမိုက်းစား ဖိနပ်ကို အမ်ဘာပေ ဘယ်လိုဖက်ရှင်နဲ့အလန်းစားဝတ်ဆင်ထားသလဲဆိုတာ ပရိသတ်ကြီးကြည့်ရှုနိင်စေရန် ဖော်ပြလိုက်ရပါတယ်။