တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၁၉ ရက်အထိ ရက်သတ္တပတ်အတွင်း COVID-19 သေဆုံးမှု ၁၂,၀၀၀ ကျော်ရှိကြောင်း NHK ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ ကြာသပတေးနေ့အထိ ခုနစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသူ ၁၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။
![Photo Credit - NHk](https://s9.kh1.co/__image/w=640,h=360,q=100/28/288a005f7d9b5a3ce6164cedca41c5d61ac0e145.jpg)
ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ ဆေးဘက်ဆိုင်ရာဌာနများတွင် လူနာ ၁၂၆၅၈ ဦး သေဆုံးခဲ့ကြောင်း ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လူ ၆၈၁ ဦး သေဆုံးခဲ့ပြီး ၁၁,၉၇၇ ဦးဟာ နောက်ဆက်တွဲရောဂါများဖြင့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
![Photo Credit - NHK](https://s9.kh1.co/__image/w=650,h=366,q=100/60/60705b4764bd250d17b2c41756f26d690e51d9ee.jpg)
ဒီထုတ်ပြန်ချက်ဟာ တရုတ်အစိုးရက တရားဝင်သေဆုံးမှုအရေအတွက်ကို ခုနစ်ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြေညာချက်လည်း ဖြစ်ပါတယ်။ စနေ့နေ့မှာ စတင်ခဲ့တဲ့ နှစ်သစ်ကူးအားလပ်ရက်တွေအတွင်း ပြည်သူတွေဟာ ဇာတိရပ်ရွာတွေကို ခရီးသွားရောက်ကြခြင်းတွေကြောင့် ကျေးလက်ဒေသတွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
![Photo Credit - NHK](https://s9.kh1.co/__image/w=650,h=433,q=100/23/23d3c6648bfeb97684ad187a75e612806d1673d9.jpg)