ကယ်လီဖိုးနီးယားရှိ အကသင်တန်းတစ်ခုမှာ ပစ်ခတ်မှုဖြစ်လို့ လူ ၁၀ ဦးထက်မနည်း သေဆုံး

//s9.kh1.co/bb/bb17881b2a6d64f3f185581f5133db8f3a89a1ed.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၈ လ က

ကယ်လီဖိုးနီးယားရှိ အကသင်တန်းတစ်ခုမှာ ပစ်ခတ်မှုဖြစ်လို့ လူ ၁၀ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ အပြင်ဘက်ရှိ အကသင်တန်းတစ်ခုမှာ ဇန်န၀ါရီလ ၂၂ ရက် တနင်္ဂနွေနေ့က လူအစုလိုက်အပြုံလိုက် သေအောင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး အခြား ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအပြီး ၁၂ နာရီအကြာမှာ သေနတ်သမားလည်း မိမိကိုယ်ကို သတ်သေခဲ့တယ်လို့ သိရပါတယ်။

Photo Credit- CNA
Photo Credit- CNA
Photo Credit- CNA
Photo Credit- CNA

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကတော့ အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရပြီး သေနတ်သမားကိုတော့ ကီလိုမီတာ ၃၀ ခန့်အကွာရှိ ကားပါကင်မှာ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် တိုက်ခိုက်ရတာလဲဆိုတဲ့ အကြောင်းရင်းကို မသိရ သေးပေမယ့် ရဲတပ်ဖွဲ့ကလိုက်လံ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်လို့ ဖော်ပြချက်တွေအရ သိရပါတယ်။

Photo Credit- CNA
Photo Credit- CNA
Photo Credit- CNA
Photo Credit- CNA

သေနတ်သမား အမျိုးသားဟာ အသက် ၇၀ အရွယ် ဖြစ်ပြီး ကုန်တင်ကားတစ်စီးအတွက် သူ့ကိုယ်သူ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ရဲအရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo Credit- CNA
Photo Credit- CNA

သတင်း အရင်းအမြစ်Source - CNA

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T