”မင်္ဂလာပါ” ဆိုတဲ့ နှုတ်ဆက်စကားကို ဘယ်သူကစတင် မြွတ်ဟခဲ့သလဲ....

//s9.kh1.co/a1/a14f0cb46aa5cc860a8d2006a1273b53e4213e9b.jpg
MPT

 ၁၇-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကျွန်တော်တို့ မြန်မာတွေတစ်ဦးနဲ့တစ်ဦး တွေ့ဆုံကြတဲ့အခါ ပထမဦးဆုံးပြောလေ့ရှိတဲ့ ချစ်စရာ စကားတစ်ခွန်းရှိပါတယ်။ ဒါကတော့ နူးညံ့သိမ်မွေ့လှတဲ့ " မင်္ဂလာပါ" ဆိုတဲ့ စကားလေးပါ။ "မင်္ဂလာပါ" ဆိုတဲ့စကားဟာ ပါဠိဘာသာ စကားတစ်ခုပဲ ဖြစ်ပြီး သူ့ရဲ့ အနက်အဓိပ္ပာယ်မှာ

Photo Credit - From Google
Photo Credit - From Google

" ကျက်သရေအပေါင်းနှင့် ပြည့်ကြပါစေ......ကိုယ်စိတ်နှစ်ဖြာ လန်းဆန်းကာ ကျန်းမာချမ်းသာကြ ပါစေ..." လို့ ဆိုလိုပါတယ်။ မြန်မာတွေ နေ့စဥ်အသုံးပြုကြတဲ့ နှုတ်ဆက်စကားလေးဖြစ်ပြီး နိုင်ငံအဝှမ်း က မြန်မာတွေသာမက တစ်ခြားနိုင်ငံသားတွေကလည်း စိတ်ဝင်တစား လက်ခံသုံးစွဲနေကြတာ တွေရပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒါပေမယ့် "မင်္ဂလာပါ" ဆိုတဲ့ စကားစု ဖြစ်လာအောင် ဘယ်သူက စပြီးပြောခဲ့ သလဲဆိုတာပါပဲ။ တကယ်တော့ ယနေ့ထိ မြန်မာတွေ တွင်ကျယ်စွာ အသုံးပြုခဲ့တဲ့ "မင်္ဂလာပါ" ဆိုတဲ့ စကားစုကို ဖဆပလ အစိုးရခေတ်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦးဖြစ်တဲ့ ဦးထွန်းဖေပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=930,q=100/2d/2d3aa92c86dd92ca5c68b548dc901c920179b03a.jpg

"ထွန်း"နေ့စဉ် သတင်းစာကို တည်ထောင် တည်းဖြတ် ထုတ်ဝေခဲ့သူဖြစ်လို့ ထွန်းနေ့စဉ် (ဦးထွန်းဖေ) အဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ဆရာကြီး ဦးထွန်းဖေဟာ ဝေဖန်စရာရှိလျှင် မည်သူ့ကိုမဆိုရဲ့ဝံ့ပွင့်လင်းစွာ ဝေဖန်ပြောဆိုသူတတ်သူအဖြစ်လို့ ဝန်ကြီးအဖွဲ့ အစည်းတစ်ခုမှာ ဝန်ကြီးချုပ်ဦးနုကိုတောင် ဘဝရှင် မင်းတရားကြီးလို့ ပက်ပက်စက်စက် ပုတ်ခတ်ဝေဖန်ခဲ့ဖူးတဲ့သူပဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးထွန်းဖေ တီထွင်လိုက်တဲ့ "မင်္ဂလာပါ" ဆိုတဲ့ စကားစုဟာ ထိုအချိန်က အသုံးပြုသူနည်းခဲ့ပေမယ့် ယနေ့ခေတ်ကျမှ နိုင်ငံကိုယ်စားပြု နှုတ်ဆက်စကားအနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ် Source- "ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာမြန်မာ့ဗဟုသုတ ၁၀၀ စာအုပ်"

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T