ကြက်ဥမှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A, D, B6, B12 စတဲ့ အဟာရဓာတ်တွေပါ၀င်သလို အသားအရေလှပ စိုပြေဖို့ နဲ့ ဆံသားတောက်ပြောင် လှပစေဖို့ စတဲ့ အလှအပ ရေးရာတွေအတွက်လည်း အသုံးဝင်ပါတယ်။ ဒါ့အပြင် ကြက်ဥမှာလည်း အကျိုးကျေးဇူးများစွာရှိပါတယ်။

ဆံပင်ပါးသူတွေ ဆံသားထူချင်ရင် ကြက်ဥနဲ့ ပေါင်းတင်ပေးလို့ရပါတယ်။ ကြက်ဥက ဆံသားကို ခြောက်သွေ့စေနိုင်တာကြောင့် တစ်လ ကို အနည်းဆုံး တစ်ကြိမ်သာ ပြုလုပ် ဖို့လိုပါတယ်။

အရွယ်တင်နုပျိုစေတယ်။ (ကြက်ဥ အကာကိုယူပြီး ပျားရည်၊ ဂျုံမှုန့် နဲ့ ရောမွေပြီး မျက်နှာနဲ့ လည်ပင်းနှံ လိမ်းပြီး ခြောက်အောင်ထားပေးရပါမယ်။ ပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင်ပေးပါ။)

ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ဒူး၊တံတောင်စတဲ့ အရေပြားမည်းနေတဲ့ နေရာတွေက ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် ကြက်ဥအခွံကို အသုံးပြုနိုင်ပါတယ်။
