ကြက်ချိုချဉ်ကြော် လုပ်စားမယ်...

//s9.kh1.co/cc/cce6f3e561a14ba2418c0a4f13e72f1805e81b28.jpg
MPT Lifestyle

 ၂၇-ဇန်-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

ကြက်ချိုချဉ်ကြော် လုပ်စားမယ်...

ကြက်ချိုချဉ်ကြော် လုပ်စားမယ်...

တရုတ်စားသောက်ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ကြက်ချိုချဉ်ကြော်ကို အားလုံးပဲစားဖူးကြမှာပါ။ ပူပူနွေးနွေးလေးနဲ့ ချိုချိုချဉ်ချဉ်လေးကိုမှ ထမင်းပူပူလေးနဲ့စားလိုက်ရတဲ့အရသာက အခုလိုမိုးတွင်းဆိုရင် ရှယ်ကောင်းနော်...

ထမင်းပူပူလေးပေါ်မှာမှ ချိုချဉ်အရည်လေးလောင်းထည့်ပြီး ကြက်သားတုံးလေးတွေ နဲ့စားရတဲ့ အရသာက တကယ်ကို ထိမိဂွိပါပဲနော်...

ဆိုတော့ ဒီတစ်ခေါက်မှာ ဆိုင်ကြီးတွေမှာ စားနေကျ ဖြစ်တဲ့ ကြက်ချိုချဉ်ကြော် လုပ်နည်းလေးကို ပြောပြပေးသွားပါမယ်နော်... လုပ်ရတာလွယ်ပြီးစားလို့လည်းကောင်းလို့ TrueID နဲ့အတူတူ လိုက်ချက်ကြည့်ရအောင်နော်...

ပါဝင်ပစ္စည်းများ

_ ကြက်သား၊ ပန်းပွင့်ဖြူ၊ ခရမ်းချဉ်သီး၊ ရွှေပဲသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ တရုတ်နံနံ

_ ကော်မှုန့်၊ ရေအနည်းငယ်၊ ဆီ၊ ပဲလုံးဆီ၊ အရသာမှုန့် ၊ အကြော်မှုန့်၊ ဂျင်း၊ ခရုဆီ ၊ ကြက်ဥ၊ ငံပြာရည်၊ငရုတ်သီးအချဉ်ဆော့စ်

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ကြက်သားများကို ဆေးကြောပြီးအသားများလွှာထားပေးပါ(သို့) ကြိတ်ထားပေးပါ( ကြိတ်သားကြိုက်ရင် ကြိတ်သားလုပ်ပါ၊ အတုံးကြိုက်ရင်တော့ အသားလွှာပြီးအတုံးလေးတွေတုံးထားပါ။

(၂) ကြက်သားများကို အရသာမှုန့်အနည်းငယ် ခရုဆီအနည်းငယ်၊ ဂျင်းရည်အနည်းငယ်ဖြင့်နယ်ပြီးနှပ်ထားပေးပါ။ အသီးရွက်များကို တော့လိုသလို လှီချွတ်ထားပါ

(၃) ပန်းကန်လုံးထဲကို ကော်မှုန့် တစ်ဇွန်း၊ အကြော်မှုန့် နှစ်ဇွန်း၊ ထည့်ကာ အရည်မကျဲမပျစ်လေး ဖျော်ထားပေးပါ၊ကြက်ဥအကာပါဖောက်ထည့်ထားပါ။ ပြီးရင်တော့ ကြက်သားများနဲ့ ရောနယ်ပြီး ခဏနှပ်ထားပါ။

(၄) ဆီအိုးထဲကို လှီးချွတ်ထားတဲ့ အသီးရွက်နဲ့အသီးနှံများအားလုံးကို အရင်ဆုံးကြော်ထားလိုက်ပါ။ ကျက်သွားရင် တော့ ခဏဆီစစ်ပြီးခဏဖယ်ထားလိုက်ပါ။

(၅) ကျန်တဲ့ဆီအိုးထဲကို ဆီးများများထပ်ထည့်ပြီး ကြက်သားများကို တစ်ခုချင်းဆီထည့်ကြော်ပါ။ ရွှေအိုရောင်သန်းလာရင်တော့ချလိုက်လို့ရပါြပီ။

(၆) နောက်ဆုံးပိတ်အနေနဲ့ အရွက်နဲ့အသားများကို အိုးထဲရောပါ။ ရေအနည်းငယ် ကော်မှုန့် အနည်းငယ်ထည့်ပါ။ ငရုတ်သီးအချဉ်ဆော့စ်ထည့်ပါ။

အရသာအတွက် အရသာမှုန့်နဲ့ ငံပြာရည်အနည်းငယ်ထည့်ပါ။ ပြီးရင်တော့ အပေါ်ကနေ တရုတ်နံနံပင်ထည့်ပြီး အုပ်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ သိပ်ကို အရသာရှိပြီး စားလို့ကောင်းတဲ့ ကြက်ချိုချဉ်ကြော်ရရှိပါပြီနော်...

အရမ်းစားလို့ကောင်းလို့အိမ်မှာလုပ်စာကြဦးနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T