သားသတ်လွတ်အာလူးကတ်သလိတ်ကြော်

//s9.kh1.co/bb/bb954a00cd377af43527b51659549b19f8b1372b.jpg
MPT Lifestyle

 ၂၆-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

အာလူးဆိုရင် လူတိုင်းက မငြင်းပဲ စားမိကြမယ့် အရာပါ။

ဝါတွင်းကာလလည်းရောက်တော့မှာဆိုတော့ သားသတ်လွတ်တွေ စစားကြပြီပေါ့နော်... သားသတ်လွတ်ဟင်းလျာတွေဆိုတာ စားကောင်းအောင်ချက်တတ်မယ်ဆိုရင် အသားဟင်းတွေထက်တောင် တခါတလေမှာ ပိုအရသာရှိတာမလို့ ဒီနေ့မှာတော့ အရမ်းကို စားလို့ကောင်းပြီး ထမင်းမြိန်စေတဲ့သားသတ်လွတ်ဟင်းလေး တစ်မျိုးကို ပြောပြသွားပါမယ်...

ချက်ရတာ လွယ်ပြီး စားလို့ကောင်းလို့ ာချက်စားကြည့်ကြဦးနော်...

  အာလူးကတ်သလိတ်ကြော်

https://s9.kh1.co/__image/w=259,h=194,q=100/be/be4f400becbf2758dcfb4c943c8efb6c7ea91d35.jpg

အာလူးဆိုရင် လူတိုင်းက မငြင်းပဲ စားမိကြမယ့် အရာပါ။ အာလူးကို မကြိုက်တဲ့သူရယ်လို့ သိပ်မရှိသလို အာလူးနဲ့ပတ်သတ်တဲ့ ရင် ဘာလုပ်လုပ်စားလို့ကောင်းနေတာချည်းပါပဲ။ ဒါကြောင့်အရမ်းစားလို့ကောင်းတဲ့ အာလူးကတ်သလိတ်ကြော်လေးကိုလည်း လူတိုင်းကြိုက်ကြမှာပါ။ ကဲ အတူတူလိုက်ချက်ကြည့်ရအောင်...

ပါဝင်ပစ္စည်းများ...

https://s9.kh1.co/__image/w=189,h=267,q=100/14/14816f7ed62c08a3a6dd95fbb92c310c05e8f3a3.jpg

_အာလူး၊ ကြက်သွန်နီ၊ ဆား၊မဆလာ၊ ငရုတ်ကောင်းမှုန့်၊ ဆီ

လုပ်နည်းလေးကတော့ အာလူးကို ပြုတ်၊ ကြက်သွန်နီကိုပါးပါးလှီး၊ အာလူးနဲ့ရောပြီးထောင်းပေးပါ၊ အာလူးရောကြက်သွန်ရော စေးပိုင်သွားရင် မဆလာအနည်းငယ် ၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး အားပါးတရနယ်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=475,q=100/3d/3d78349cd7eac17fad3b1969af5c4dbe7d0a6c8d.jpg

ပြီးရင်တော့ဆီပူပူမှာကြော်ပြီး ရွှေဝါရောင်သမ်းလာတဲ့အခါ စားလို့ရပါပြီ။ ထမင်းပူပူလေးနဲ့စားလို့ကောင်းတာမလို့ ချက်စားကြည့်ကြဦးနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T