သားသတ်လွတ်ဟင်းလျာတွေဆိုတာ စားကောင်းအောင်ချက်တတ်မယ်ဆိုရင် အသားဟင်းတွေထက်တောင် တခါတလေမှာ ပိုအရသာရှိတာမလို့ ဒီနေ့မှာတော့ အရမ်းကို စားလို့ကောင်းပြီး ထမင်းမြိန်စေတဲ့သားသတ်လွတ်ဟင်းလေး တစ်မျိုးကို ပြောပြသွားပါမယ်...
အသားတု အစပ်ကြော်
ပါဝင်ပစ္စည်းများ...

_အသားတု၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ငရုတ်သီးခွဲကြမ်းမှုန့် ၊ဆားအနည်းငယ်၊ အရသာမှုန့်အနည်းငယ်
အသားတုများကို ဈေးကနေဝယ်ပြီး ဆီပါးပါးလေးနဲ့ ကြော်ထားပါ(ဆီများရင် အသားတုတွေဆီစုပ်သွားတတ်တာမလို့ ဆီအရမ်းမများပဲကြော်ပေးနော်)...
အသားတုတွေကို ကြော်ပြီးရင် ခဏလောက်ဆီစစ်ထားပါ။ ပြီးရင်တော့ ဆီများများထဲကို ငရုတ်သီးခွဲကြမ်းများ ကြော်ပါ... ကြော်တဲ့ထဲကို ဆားအနည်းငယ် နဲ့အရသာမှုန့်အနည်းငယ်ထည့်ပါ။ ငရုတ်သီးခွဲကြမ်း အနံ့အစိမ်းပျောက်သွားရင် ကြက်သွန်နီ ကြက်သွန်ဖြူများကို ကြိတ်ပြီးထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကျက်သွားပြီး ကြွပ်လာပြီဆိုရင်တော့ စောနကဖယ်ထားတဲ့အသားတုများကို ရောထည့်ပြီးမွှေလိုက်ပါ။ ဒါဆိုရင်တော့ သိပ်ကို အရသာရှိတဲ့ အသားတု အစပ်ကြော်ကြွပ်ကြွပ်လေးကိုရရှိပါပြီ... ကြက်သွန်ကြော်မွမွလေးတွေနဲ့ ထမင်းသိပ်မြိန်တာမလို့ လုပ်စားကြည့်ကြဦးနော်...