မာလာအကင်သုပ် လုပ်စားကြမယ်...

//s9.kh1.co/f8/f82e080e40b1b971e4c950598c3a7b0b190998c5.jpg
MPT Lifestyle

 ၁၇-ဇန်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

အရမ်းကိုစားလို့ကောင်းပြီး လုပ်ရတာလွယ်ကူတဲ့ မာလာ အကင်သုပ်လေ

ငါးကင်ကတော့ တော်တော်များများစားဖူးကြပေမယ့် အခုနောက်ပိုင်း လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့အစားစာကတော့ မာလာအကင်သုပ်ပဲဖြစ်ပါတယ်...

မာလာ‌ရှမ်းကောတို့ မာလာ တုတ်ထိုးတို့ ခေတ်စားလာတဲ့ အချိန်မှာ မာလာအကင်သုပ်ကလည်း လူငယ်ကြားမှာခေတ်စားလာခဲ့ပါတယ်နော်...

အရမ်းလွယ်ပြီး စားလို့ကောင်းတဲ့ မာလာအကင်သုပ်ကို အပြင်မှာ ဝယ်မစားချင်ဘူး...အိမ်မှာပဲ အားရပါးရလုပ်စားချင်ပါတယ်ဆိုရင်တော့ ဒီနေ့မှာ လွယ်ကူရိုးရှင်းတဲ့နီးလေးဝေမျှပေးပါမယ်နော် ...

ပါဝင်ပစ္စည်းများ

_ အသားလုံးများ

_ငရုတ်ကောင်းမှုန့်

_ မာလာအနှစ်ထုတ်၊ ငရုတ်သီးဟင်းချက်မှုန့်၊ အရသာမှုန့် ၊ ဆီ

_နံနံပင် ၊နှမ်း ၊ မနောနိစ်

ပြုလုပ်ပုံအဆင့်ဆင့်

(၁) အသားလုံးများကို ရေသေချာဆေးပြီး လိုချင်သလောက်လှီးဖြတ်ကာ ဆူပူပူထဲမှာ ကြော်ပါ

(၂) အသားလုံးများကျက်လာတဲ့အခါ ဇလုံထဲကို ထည့်ပြီးမာလာအနှစ်အနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ် ထည့်ပြီး နှံ့အောင်သမပေးပါ....

ပြီးရင်အပေါ်ကနေ ရှမ်းနံနံ (သို့) နံနံပင်လေးကိုဖြူးလိုက်ပါ... နှမ်းအနည်းငယ်ဖြူးပါ၊ မရောနိစ် ထည့်ပါ

ဒါဆိုရင်တော့ အရမ်းကိုစားလို့ကောင်းပြီး လုပ်ရတာလွယ်ကူတဲ့ မာလာ အကင်သုပ်လေးကိုရရှိပါပြီ... အကင်သုပ်မလို့ ကင်စရာမလိုပါဘူးနော်...အကင်အသားချောင်းတွေနဲ့ လုပ်ရတာမလို့ အကင်သုပ်လို့ခေါ်ကြတာပဲဖြစ်ပါတယ်...

ကဲ အိမ်မှာ များများစားရအောင်လုပ်စားကြည့်ကြပါဦးနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T