ပုစွန်လို့ ပြောလိုက်တာနဲ့ကလေးရော လူကြီးပါ ထမင်းမြိန်စေမယ့် ဟင်းကောင်းတစ်ခွက်ပါ။ ပုစွန်ထဲမှာ မှ အကောင်ကြီးကြီးအသားများများနဲ့ အီထစ်နေအောင်စားလို့ကောင်းတဲ့ ပုစွန်ထုပ်ဆီပြန်ဟင်းချက်နည်းလေးကို ဒီနေ့မှာဝေမျှပေးသွားပါမယ်နော်...

ပုစွန်တကွေး ငါးအနွေး ဆိုသလို ခဏလေးနဲ့ကျက်ပြီးချက်ရလွယ်တဲ့ဟင်းကောင်းတစ်ခွက်မလို့ အတူတူလိုက်ချက်စားကြည့်ရအောင်နော်
ပါဝင်ပစ္စည်းများ

- ပုစွန်ထုတ်၃ဆယ်သား(သို့) မိမိနှစ်သက်သလောက်ဝယ်ပါ
_ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ၊ ငံပြာရည်အကြည်၊ ငံပြာရည်အနောက်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ အရသာမှုန့်၊ နနွင်းမှုန့် ၊ ဆီအနည်းငယ်၊ ရေအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်

(၁) ပုစွန်များကို သေချာဆေးကြောကိုင်တွယ်ထားပြီး အရသာမှုန့်အနည်းငယ်နဲ့နယ်ထားပါ
(၂) ဆီအိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကြိတ်ထားသည်များကို ထည့်ကာ ဆီသပ်ပါ၊ ဆီသပ်တဲ့ထဲကို နနွင်းမှုန့်အနည်းငယ်ထည့်ပါ။
(၃) ဆီကျက်လာတဲ့အခါ ငံပြာရည်အနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ငရုတ်သီးစိမ်းအနည်းငယ်၊ ငံပြာရည်အနောက်အနည်းငယ်ကို ထည့်ပြီး အနှစ်ကို အရသာ ပြီးပြည့်စုံအောင်ဖန်တီးပါ
(၄) နောက်ဆုံးမှာ ပုစွန်များကို ထည့်ပြီး ရေလေး အနည်းငယ်ထည့်ကာ အုပ်ထားပါ။ ၅မိနစ်လောက်ကြာတဲ့အခါ အပေါ်ကနေ နံနံပင်လေးကြိုက်ရင်အုပ်ပေးပြီး စားလို့ရပါပြီနော်
ထမင်းပူပူလေးနဲ့စားစား ပေါင်မုန့်လေးနဲ့စားစားအရသာရှိတာမလို့ ချက်စားကြည့်ကြဦးနော်





