ဆေးရုံမှာ သုံးပတ်ကြာတဲ့အထိ သတိမလည်သေးတဲ့ ထိုင်းဘုရင့်သမီးတော်

//s9.kh1.co/8a/8a2cf62d8b091f4359387581eb9fb202af044e0b.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဆေးရုံမှာ သုံးပတ်ကြာတဲ့အထိ သတိမလည်သေးတဲ့ ထိုင်းဘုရင့်သမီးတော်


ထိုင်းဘုရင် မဟာဝီယာလောင်ကွန်ရဲ့ အကြီးဆုံးသမီးလည်းဖြစ် ထီးနန်းဆက်ခံနိုင်ဖိုအရည်အချင်းရှိတဲ့ မင်းသမီး ဘာဂျရာကီတီယာဘာဟာ ဆေးရုံတက်နေရာမှာ ခုထိ သတိမလည်လာသေးဘူးလို့ နန်းတော်ရာက ဇန်နဝါရီ ၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

မင်းသမီး ဘာဂျရာကီတီယာဘာဟာ ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က နန်ခွန်းရက်ချာစီမာခရိုင် အရှေ့မြောက်ပိုင်းမှာပြုလုပ်မယ့် ပြိုင်ပွဲတစ်ခုမှာ အချစ်တော်ခွေးလေး ဝင်ပြိုင်ဖို့ ပြင်ဆင်နေတုန်း အခုလို သတိမေ့လဲကျသွားတာဖြစ်ပြီး ရဟတ်ယာဉ်နဲ့ ဘန်ကောက်ဆေးရုံကို ချက်ချင်း ခေါ်ဆောင် ကုသပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့ရက်ပိုင်းကတော့ ထိုင်းဘုရင် မဟာဝီယာလောင်ကွန်ဟာ သမီးတော် ဆေးကုသနေရာ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံကို ကြွရောက်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

မင်းသမီး ဘာဂျရာကီတီယာဘာဟာ ဟာ ရှေ့နေ့ဘာသာရပ်အပြင် ကော်နဲတက္ကသိုလ်က ပါရဂူဘွဲယူခဲ့သူဖြစ်သလို ဩစတြီးယား၊ ဆလိုဗေးနီးယား၊ ဆလိုဗက်ကီးယားနိုင်ငံတွေမှာ ထိုင်းသံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ကုလသမဂ္ဂ ရာဇ၀တ်မှု တားဆီးရေးနှင့် ရာဇဝတ်မှုဆိုင်ရာ တရားမျှတရေး ကော်မရှင်ရဲ့ ထိုင်းသံအမတ်အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - MeKongNews


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T