မလေးရှားနိုင်ငံ ဆာလာရန်းမြို့ မှာ နေထိုင် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား သမီးရည်းစား (၂) ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူဟာ ခြေလွန်လက်လွန်ဖြစ်ကာ အမျိုးသမီးကို သတ်မိလိုက်တာကြောင့် ထိုအမျိုးသမီးဟာ သေဆုံးခဲ့ရတယ်လို့ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား) ရဲ့ ဖော်ပြချက်အရသိရပါတယ်။

သေဆုံးသွားသူမှာ မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ် ၊ ရှခွလေးရွာ မှ အသက်(၂၉)နှစ်အရွယ်ရှိ မမော်မော်မြင့်ဆိုသူ ဖြစ်ပြီး သူမနဲ့ သူမရဲ့ ရည်းစားဆိုသူ တို့ဟာ စကားများ ရန်ဖြစ်ရာမှ ခြေလွန်လက်လွန်ဖြစ်ပြီး မမော်မော်မြင့် မှာ နေအိမ်မှာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ် လို့သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ ဒီဇင်ဘာ (၁၂) ရက်နေ့က အခင်းဖြစ်ပွားတဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်ပြီးကြန့်ကြာမှုအချို့ကြောင့် ဇန်နဝါရီ (၄) ရက်နေ့ကမှ သူမကို သင်္ဂြိုလ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိတွင် အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအမျိုးသားကို ဆာလာရန်းမြို့ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးကာ လူသတ်မှုဖြင့်တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။
