ဂဏန်းမဆလာ ချက်စားမယ်
ဂဏန်းလို့ပြောလိုက်တာနဲ့ လူတိုင်းကြိုက်မယ်ထင်ပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာ ရေပန်းစားတဲ့အစားစာတွေထဲမှာ ဂဏန်းဟင်းလျာတွေလည်းပါဝင်ပါတယ်။ ဂဏန်းဟင်းလျာတွေထဲက လူအကြိုက်များဆုံးဟင်းတစ်မျိုးကတော့ ဂဏန်း မဆလာချက်ပဲ ဖြစ်ပါတယ်။ စားလို့ကောင်းသလို ဝယ်စားရင် ဈေးကြီးပေးစားရတာမလို့ ခဏခဏဝယ်စားဖို့တော့မလွယ်ပါဘူးနော်။
ဆိုတော့ အရသာရှိ အိမ်မှာလွယ်လွယ် ကူကူချက်စားလို့ရမယ့်ဂဏန်းမဆလာ ချက်နည်းလေး ကို ပြောပြပေးချင်ပါတယ်

ပါဝင်ပစ္စည်းများ
ဂဏန်း ၊မဆလာ၊ ကြက်သွန်နီ၊ ငရုတ်သီးဟင်းချက်မှုန့် ၊နနွင်းမှုန့် ၊အရသာမှုန့် ၊ ငံပြာရည် ၊ ရှမ်းနံနံ ၊ ကြက်ဥ၊ဆီ
ပြုလုပ်ပုံအဆင့်ဆင့်

(၁) ဂဏန်းများကိုသေချာ ဆေးကြောကိုင်တွယ်ပြီး အရသာမှုန့်အနည်းငယ်၊ နနွင်းမှုန့်အနည်းငယ် ထည့်ကာ နှပ်ထားပါ (၂) ကြက်သွန်နီ နဲ့ဟင်းချက်မှုန့်ကို ဆီအိုးထဲ ကိုထည့်ပြီး ဆီသပ်ပါ ။ ဆီသပ်တဲ့ထဲကို ငံပြာရည်အနည်းငယ်၊ မဆလာ၊ အရသာမှုန့်အနည်းငယ် ထည့်ပါ (၃)ဂဏန်းများကို ထည့်ပြီး ထည့်မြုပ်အောင်ထည့်ပါ။ (၄)ဆီပြန်လာရင် ကြက်ဥ ထည့်ပါ ကြက်ဥတွေကိုကြေအောင်မွှေပါ။ (၅) အရသာအနေတော်ဖြစ်ရင် ရှမ်းနံနံထည့်ပြီး ခဏကြာရင်ချလို့ရပါပြီ အရမ်းကောင်းလို့ အိမ်မှာ ချက်စားကြည့်ကြပါဦးနော်





