ပုစွန်ကို ဟင်းချည်းချက်စားရတာ ရိုးနေပြီ၊ ကြော်ပြီးစားပြန်ရင်လည်း Calories တွေများလို့ မစားချင်ဘူးဆိုတဲ့ သူတွေအတွက် ၀◌ိတ်လည်းမတက် အရသာလည်းသိပ်ရှိပြီး
ခံတွင်းမြိန်စေတဲ့ ဆီမပါတဲ့ ပုစွန်သုပ်လုပ်နည်းလေးကို ေ၀မျှပေးချင်ပါတယ်။
စားသောက်ဆိုင်တော်တော်များများမှာ ပုစွန်အစိမ်းသုပ်ကိုရောင်းချပေးကြပေမယ့် ပုစွန်အကျက်ကို ဆီမပါပဲ သုပ်တာမျိုးကတော့ရောင်းတာတွေ့ရခဲပါတယ်။ ပုစွန်အစိမ်းသုပ်က စားတတ်တဲ့
သူတွေအတွက်တော့အဆင်ပြေပေမယ့် အစိမ်းသုပ်ကို မစားရဲတဲ့ သူတွေအတွက် ဒီနေ့ပြောပြပေးသွားမယ့် ဆီမပါရှူးရှဲပုစွန်အကျက်သုပ်လေးက အဆင်ပြေပြေနဲ့ ခံတွင်းတွေ့စေမှာပါနော်...
ဆိုတော့ ဘယ်လိုလုပ်စားရလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်...

ပါ၀င်ပစ္စည်းများ
_ ပုစွန်ကျား (tiger prawn)
_ ကြက်သွန်နီ၊ နံနံပင်၊ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ရှောက်ရွက်၊ သံပုရာသီး၊ငရုတ်သီးစိမ်း
_ အရသာမုန့်၊ ငရုတ်ကောင်း
_ ငပိ(ကောင်းကောင်း)
ပြုလုပ်နည်း

(၁) ပုစွန်ကျားများကို ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူတဲ့အိုးထဲမှာ အခွံမခွာသေးပဲ ထည့်ပြုတ်ပါ။(ဒီနေရာမှာ ပုစွန်ကျားသုံးတာက ပိုချိုပြီးအသားများတာကြောင့်ဖြစ်ပါတယ်၊ ပုစွန်ကျား
မကြိုက်ဘူးဆိုရင် မိမိကြိုက်နှစ်သက်ရာ ပုစွန်အမျိုးအစားကိုရွေးချယ်နိုင်ပါတယ်နော်)
(၂) ပြုတ်ထားတဲ့အချိန်မှာ ကြက်သွန်နီ ၊ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်နဲ့ နံနံပင်တို့ကို ရေဖွားဖွားပါအောင်ဆေးပြီး ပါးပါးလေးလှီးထားပေးပါ။

(၃) ပုစွန်ပြုတ်တာ ကျက်သွားပြီဆိုရင်တော့ ပုစွန်ကို အခွံနွှာပြီး ခေါင်းနဲ့ ကိုယ်နဲ့သပ်သပ်ဆီဖယ်ထားလိုက်ပါ။
(၄) ခေါင်းဖယ်ထားပြီးသား ပုစွန်အသားများကို ပန်းကန်တစ်ခုတည်း အတုံးလေးတွေတုံးထည့်ပြီး ပါးပါးလှီးထားတဲ့ ပါ၀င်ပစ္စည်းတွေကို ထည့်ပေးပါ။

(၅) နောက်ဆုံးအနေနဲ့ ငပိအနည်းငယ် ၊အရသာမှုန့်အနည်းငယ်ထည့်ပြီး အပေါ်ကနေ သံပုရာသီးအရည်လေးညှစ်ချကာ စပြီးနယ်လို့ရပါပြီ။(ငရုတ်သီးစိမ်းလေးကြိုက်ရင်ညှပ်ထည့်ပေးနော်)
ဒါဆိုရင်တော့ သိပ်ကို အရသာရှိပြီးဆီလုံး၀မပါတဲ့ ရှူရှဲပုစွန်သုပ်လေးကို ရရှိပါပြီနော်...
မှတ်ချက်: တကယ်လို့ ကိုယ်က Diet မလုပ်တဲ့သူဆိုရင်တော့ ပုစွန်ခေါင်းလေးတွေထဲက ပုစွန်ဆီလေးတွေကို သုပ်တဲ့ထဲထည့်သုပ်မယ်ဆိုရင်ပုစွန်အရသာလေးလေးလေးနဲ့
ပိုပြီးအရသာရှိပါတယ်နော်...Diet သမားတွေစားမယ်ဆိုရင်တော့ အဆီများတဲ့ပုစွန်ခေါင်းကို ဖယ်ထုတ်လိုက်တာအကောင်းဆုံးပါပဲ။
ကဲ...ဒီတိုင်းသူ့ချည်းပဲစားစား၊ထမင်းနဲ့ပဲတွဲစားစား အရသာရှိတဲ့ ရှူးရှဲပုစွန်သုပ်နည်းလေးကို သိပြီဆိုတော့ အိမ်မှာလုပ်စားကြည့်ကြဉီးနော်...