အဘိုးလူပြန်ဝင်စားရင် အသက်ကြီးတဲ့ မျက်နှာကို မှတ်မိနေစေဖို့ အဘွားကြီးပုံစံ မိတ်ကပ် ပြင်ခဲ့တဲ့ မြေးမလေး

//s9.kh1.co/d2/d20da57cab78dff7169da9e043e252d16069b805.jpg
နေ့စဉ်သတင်းများ

 ၃၁-ဒီ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အဘိုးဖြစ်သူ လူပြန်ဝင်စားရင် အသက်ကြီးတဲ့ မျက်နှာကို မှတ်မိနေစေဖို့ အဘွားကြီးပုံစံ မိတ်ကပ် ပြင်ခဲ့တဲ့ မြေးမလေး

Liang Tingting ဆိုတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဟာ သူမအသက်ငယ်ငယ်လေးကတည်းက ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာကြောင့် အဘိုးဖြစ်သူရဲ့ ကျွေမွေးပြုစု စောင့်ရှောက်ခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=660,q=100/3b/3b7fa918227e2485e5861db63af13c4a9fec83d9.jpg

အဘိုးဖြစ်သူ အသက် ၉၆ နှစ်အရွယ်ရောက်လာချိန်မှာတော့ Liang Tingting က အဘိုးဖြစ်သူကို တစ်ဖန် ပြန်လည် စောင့်ရှောက်ပေးခဲ့ပါတယ်။Liang Tingting ရဲ့ အဘိုးဖြစ်သူက ဆင်းရဲလွန်းတာကြောင့် သူမကို ပညာမသင်ကြားပေးနိုင်ခဲ့ပါဘူး။ Liang Tingting ဟာ သူမ ကလေးဘဝ တစ်ခုလုံးမှာ အလုပ်လုပ်ပြီး ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Liang Tingting ဆီမှာ ဟင်းသီးဟင်းရွက်လေးတွေရောင်းတဲ့ စီးပွားရေး အသေးစားလေး ရှိနေပါပြီ။

https://s9.kh1.co/__image/w=650,h=754,q=100/02/024d574ed101e73523322b743b3885bd8933758d.jpg

Liang Tingting ဟာ သူမ အဘွားဖြစ်သူ ဆုံးပါးသွားတုန်းက အဘွားဖြစ်သူ အနားမှာ ရှိမပေးနိုင်ခဲ့တဲ့အပြင် အဘွားဖြစ်သူရဲ့ နောက်ဆုံးစကားတွေကို မကြားခဲ့ရလို့ နောင်တရနေခဲ့တာဖြစ်ပါတယ်။ အဘွားဖြစ်သူ ဆုံးပြီးတဲ့ အချိန်ကစပြီး Liang Tingting တစ်ယောက် အဘိုးဖြစ်သူကို ပိုပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ သူမအနေနဲ့ အဘိုးဖြစ်သူနဲ့ရှိတဲ့ အချိန်တွေကို ပိုပြီး တန်ဖိုးထားခဲ့ပြီး အသက်ကြီး အိုမင်းသွားတဲ့အထိ အဘိုးနဲ့အတူ ရှိသွားချင်တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/0c/0c13b1d9ddfd4e28d65e2f5e07a566e5d6c5a997.jpg

ဒါပေမယ့်လည်း ဒီကိစ္စက မဖြစ်နိုင်ဘူးဆိုတာ Liang Tingting သိပါတယ်။ ဒါကြောင့် Liang Tingting က အဘိုးဖြစ်သူ မကွယ်လွန်ခင်မှာ မြေးမလေးရဲ့ အသက်ကြီး အိုမင်း လာတဲ့ ပုံရိပ်လေးကို မြင်စေချင်တာကြောင့် သူမကိုယ်သူမ အသက်ကြီးတဲ့ အဘွားကြီးပုံစံ မိတ်ကပ်မျိုး လိမ်းခြယ်ခဲ့တယ်လို့ သိရပါတယ်။ရည်ရွယ်ချက်က နောက်ဘဝဆိုတာသာရှိခဲ့ရင် လူပြန်ဝင်စားလာမယ့် အဘိုးဖြစ်သူက အိုမင်းရင့်ရော်နေတဲ့ သူမရဲ့ မျက်နှာကို မှတ်မိနေစေဖို့လို့ သိရပါတယ်။ Liang Tingting ရဲ့ အဘိုးဖြစ်သူအပေါ် တန်ဖိုးထားတဲ့ စိတ်ဓာတ်လေးက ချီးကျူးအံ့သြဖို့ကောင်းလွန်းတာကြောင့် လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ လူပြောများနေခဲ့ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T