ကြွပ်ရွမွှေးထနေတဲ့ငါးအသားချောင်းကြော်ကြော်စားမယ်...

//s9.kh1.co/6c/6c0754726d015fde28b0b5be60cff4ddba8bb0fb.jpg
MPT Lifestyle

 ၃၀-ဒီ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဆိုင်တွေမှာ ဈေးကြီးပေးစားရတဲ့ငါးအသားချောင်းကြော်ကို ကိုယ့်အိမ်မှာ ပူပူနွေးနွေး ကြော်စားကြည့်ရအောင်နော်...

ဆိုင်တွေမှာ ဈေးကြီးပေးစားရတဲ့ငါးအသားချောင်းကြော်ကို ကိုယ့်အိမ်မှာ ပူပူနွေးနွေး ကြော်စားကြည့်ရအောင်နော်...

စားလို့လည်းကောင်း ထမင်းလည်းမြိန်တဲ့အပြင် ဒီတိုင်းအပျင်းပြင် မနောနိစ်လေးနဲ့တို့စားမယ်ဆိုရင်တောင် အရသာက ထိမိဂွိဖြစ်နေမှာမလို့ အတူတူ အခုပဲအတူတူကြော်စားကြည့်ရအောင်...

https://s9.kh1.co/__image/w=650,h=650,q=100/16/1669d2ace66d12b6059b32cc2e29fbf06ea20cb6.webp

ပါဝင်ပစ္စည်းများ

မိမိနှစ်သက်ရာငါး( အသားများတဲ့ငါးများကိုသုံးပါ) ဥပမာ_ ငါးကြင်း၊ ငါးဒန်

အရသာမှုန့်၊ ဆား၊ ကြက်သွန်ဖြူ၊ဂျင်း၊ အကြော်မှုန့်၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ငါးများကို ရေသေချာစင်အောင်ဆေးပြီး အသားလွှာကာ အတုံးကြော်မယ့် အတုံးလေးတွေလှီးထားပေးပါ။

https://s9.kh1.co/__image/w=650,h=435,q=100/0e/0e83bf8390b9323f20a68ecc122a83544d63ef09.jpg

(၂) ကြက်သွန်ဖြူနဲ့ ဂျင်းများကို ထောင်းပြီး ငါးထဲကို အရည်ညှစ်ပါ။ (ငါးနံ့သက်သာစေပါတယ်)အရသာမှုန့်၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။

(၃) ငါးနှပ်ထားတဲ့အချိန်မှာ ပန်းကန်တစ်လုံးထဲကို အကြော်မှုန့်နဲ့ ကော်မှုန့်ကို အရည်ဖျော်ထားပါ(ပျစ်ပျစ်လေးဖြစ်ပါစေ)

(၄) ငါးများကို ဖျော်ထားတဲ့အကြော်မှုန့်နဲ့ကော်မှုန့်အရည်ထဲကို နှစ်ပြီး နနွင်းမှုန့်ခပ်ထားတဲ့ ဆီအိုးပူပူထဲမှာ ထည့်ကြော်ပါ။

(၅) ရွှေဝါရောင်သမ်းလာပြီဆိုရင်တော့ ချလို့ရပါပြီနော်

အရမ်းအရသာရှိပြီး အကုန်ကျလည်းသိပ်မများတာမလို့ အိမ်မှာကြော်စားကြည့်ကြဦးနော်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T