(၂၀၂၃) ခုနှစ်အတွက် တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲ ကို (၂၀၂၃) ခုနှစ် ၊ မတ်လ (၈) ရက်နေ့ က စတင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က တရားဝင် ထုတ်ပြန်လာခဲ့ပါပြီ။

(၂၀၂၃)ခုနှစ် မတ်လ (၈) ရက်နေ့တွင် မြန်မာစာ၊ (၉) ရက်နေ့တွင် အင်္ဂလိပ်စာ၊ (၁၀) ရက်နေ့တွင် သင်္ချာ၊ (၁၃) ရက်နေ့တွင် ဓာတုဗေဒ၊ (၁၄) ရက်နေ့တွင် ရူပဗေဒ၊ (၁၅) ရက်နေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ (၁၆) ရက်နေ့တွင် ပထဝီ၊ (၁၇) ရက်နေ့တွင် သမိုင်း နဲ့ (၁၈) ရက်နေ့တွင် စိတ်ကြိုက် မြန်မာစာတို့ ဖြေဆိုရမှာ ဖြစ်ပါတယ်။

(၂၀၂၃) ခုနှစ် တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲ ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က ယခင်အချိန်အတိုင်းပဲ နံနက် (၉) နာရီကနေ နေ့လည် (၁၂) နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ဖြေဆိုသူဦးရေမှာလည်း ယခင်နှစ်ထက် ပိုတိုးလာတယ်လို့ ပြောနေကြပါတယ်။
