UFC ဖိုက်တာကို ချုပ်ကွက်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ရယူခဲ့တဲ့ ချင်းလူမျိုး Joshua Van

//s9.kh1.co/60/60ab2f5ca879ef91c5f42614ee8bba2521fa8ebd.jpg
အားကစားသတင်းများ

 ၂၀-ဒီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

UFC ဖိုက်တာကို ချုပ်ကွက်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့တဲ့ ချင်းလူမျိုး Joshua Van

မြန်မာပရိသတ်တွေ စောင့်ကြည့်ရမယ့် MMA ဖိုက်တာကြီး အောင်လအန်ဆန်လိုမျိုး မျိုးဆက်သစ်ဖိုက်တာတစ်ယောက်ဖြစ်တဲ့ ချင်းတိုင်းရင်းသား Joshua “ The Fearless “ Van ဟာ မနေ့က Fury Fc မှာ ထိုးသတ်တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Joshua “ The Fearless “ Van
Photo Credit - Joshua “ The Fearless “ Van

မြန်မာ့ ဂုဏ်ဆောင်တဲ့ Joshua Van ဟာ ဒုတိယအချီမှာ အမေရိကန် UFC ဖိုက်တာတစ်ယောက်ဖြစ်တဲ့ Cleveland Mclean ကို ချုပ်ကွက်နဲ့ အနိုင်ယူပြနိုင်ခဲ့တာပါ။ သူ့ရဲ့ ပြိုင်ဘက် Cleveland Mclean ဟာ ဒေသတွင်းမှာ ပြိုင်ဆိုင်ရှားတဲ့ နံပါတ် ၁ ဖိုက်တာဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း ရှုံးပွဲမရှိတဲ့ စံချိန်ကိုရရှိထားသူပဲ ဖြစ်ပါတယ်။

Photo Credit - Joshua “ The Fearless “ Van
Photo Credit - Joshua “ The Fearless “ Van
Photo Credit - Joshua “ The Fearless “ Van
Photo Credit - Joshua “ The Fearless “ Van

ဒီလို ဖိုက်တာမျိုးကို မြန်မာပြည်နွယ်ဖွား ချင်းလူမျိုး Joshua Van ဟာ ချုပ်ကွက်နဲ့ အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ သူ့ရဲ့ ဒုတိယမြောက် ချုပ်ကွက်နဲ့ အနိုင်ရတဲ့ ပွဲဖြစ်သလို ၊ ဖလိုင်းဝိတ် ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို လဲ ပရိုဖိုက်တာဘ၀ တစ်နှစ်ကျော် ကာလ အတွင်းမှာပဲ သိမ်းပိုက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ ချင်းလူမျိုး MMA ဖိုက်တာ Joshua Van ကို အောင်လအန်ဆန်လိုမျိုး အားပေးလိုက်ပါဦး....။

Photo Credit - Joshua “ The Fearless “ Van
Photo Credit - Joshua “ The Fearless “ Van
Photo Credit - Joshua “ The Fearless “ Van
Photo Credit - Joshua “ The Fearless “ Van

သတင်း အရင်းအမြစ်Source - Joshua “ The Fearless “ Van

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T