အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ကမ္ဘာ့ဖလားကို လက်ဝယ်ပိုင်ဆိုင်မယ့်အသင်းကို မှန်ကန်စွာ ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်။နာမည်ကြီး Tik Tok ဘောလုံး Skill Video တွေတင်တဲ့ ဘန် မှမေးမြန်းခဲ့တာဖြစ်ပြီး ဘက်ခမ်း အနေနဲ့ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးကစားသမားဘဝမှာသာမက မော်ဒယ်လောကမှာပါလွှမ်းမိုးမှုရှိတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ အခုအချိန်ထိ မိန်းကလေးတွေကိုသာမက ယောကျာ်းလေးပရိသတ်တွေရဲ့ သဘောကျခြင်းကိုခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူဟာ ကစားသမားဘဝမှ အနားယူခဲ့တာ ကြာပြီဖြစ်ပေမယ့် ဘောလုံးကိုချစ်တဲ့စိတ်ကြောင့် အခုအချိန်အထိဘောလုံးလောကနဲ့ အဆက်အသွယ်မပြတ်သေးတာ ပဲဖြစ်ပါတယ်။

Video မှာ Ben ရဲ့ ``ဘယ်အသင်းကမ္ဘာ့ဖလားကိုရသွားမယ်ထင်လဲ’’ ဆိုတဲ့ မေးခွန်းကို ဘက်ခမ်းက `` ငါအာဂျင်တီးနား ဗိုလ်ဆွဲသွားမယ်လို့ထင်ပါတယ်၊ ဒါပေမယ့် ငါတို့ပြင်သစ်ကိုလည်း ချစ်ကြပါတယ် “ လို့ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ဒီ Video ဟာ You Tube နဲ့ Tik Tok မှာပါ ကြည့်ရှုသူ အများအပြားရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် ဗိုလ်ဆွဲခဲ့တဲ့ အာဂျင်တီးနားနဲ့ အသင်းခေါင်းဆောင် မက်ဆီကိုပါ ဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

@ben WORLD CUP FINAL DAY!!! ARGENTINA VS FRANCE🤩 Who wins??? #worldcup #davidbeckham #beckham #france #argentina ♬ original sound - ben
Photos: Credit
သတင်း အရင်းအမြစ်៖ tiktok