အာဂျင်တီးနားအသင်း နဲ့ ပြင်သစ် အသင်းတို့ ဟာ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲကို အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဂျင်တီးနားအသင်း က ပြင်သစ်အသင်းကို ပင်နယ်တီ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ရဲ့ နောက်ဆုံးကမ္ဘာ့ဖလား အိမ်မက် ဟာ ပြီးပြည့်စုံသွားခဲ့ပြီဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီ တစ်ယောက် အာဂျင်တီးနားအသင်းနဲ့ အတူ ပြင်သစ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် မက်ဆီ ရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့ မက်ဆီ မိခင် ၊ ဇနီး နဲ့ သားတွေဟာ ကွင်းထဲကို ချက်ချင်းပြေးဝင်လာခဲ့ပြီး မက်ဆီကို ဝမ်းသာအားရနဲ့ ဂုဏ်ပြုခဲ့ကြတာဟာ အားရဖွယ် ကျေနပ်စရာကောင်းလွန်းပြီး ဘေးကမြင်ရတဲ့လူတောင် ပီတိဖြာခဲ့ရပါတယ်။


လီယွန်နယ်မက်ဆီ နဲ့ အာဂျင်တီးနားအသင်း ရဲ့ အောင်မြင်မှုအပေါ် မိသားစုဝင်များကအစ သေချာ ကူညီထောက်ပံ့ပေးခဲ့ကြပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကလည်း မက်ဆီကို တောက်လျှောက်အားပေးနေခဲ့ကြပါတယ်။ ကမ္ဘာမှာ တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ကို ဖော်ပြပါလို့ဆိုလာရင် မရဖူးတဲ့ ဖလားမရှိတော့တဲ့ လီယွန်နယ်မက်ဆီကိုပဲဖော်ပြရတော့မှာပါ။




