မန္တလေးမှာဒီနေ့မနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ရှေးဟောင်း အဆောက်အဦတချို့ ပျက်စီး

//s9.kh1.co/2b/2b4ededff602fe43ea7f886d185e7468e1860771.jpg
နေ့စဉ်သတင်းများ

 ၁၅-ဒီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မန္တလေးမှာဒီနေ့မနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ရှေးဟောင်း အဆောက်အဦတချို့ ပျက်စီး

မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၃ နာရီ ကျော်လောင်က ငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ရှေးဟောင်း အဆောက်အဦးတချို့ အနည်းငယ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

အဲ့ဒီထဲမှာ ရှေးဟောင်း သမိုင်းဝင် အင်းဝမြို့တော်ရှိ နာမည်ကျော် ရှေးဟောင်း မယ်နုအုတ်ကျောင်းဟာ ငလျင်ဒဏ်ကြောင့် အက်ကြောင်းရာအနည်းငယ် ဖြစ်ပေါ်ခဲ့သလို ဒေါ်ဂျမ်း ဘုရားမှာလည်းထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး အင်းဝမြို့ရှိ စေတီအနည်းဆုံး လေးဆူလောက် ထီးတော်တွေ မြေခခဲ့တယ်လို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

တံတားဦးမြောက်ဘက် မန္တလေးမြို့မှာလည်း ပြည်ကြီးတံခွန်မြို့နယ်က ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်း စေတီစိန်ဖူးတော် မြေခခဲ့တာရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မင်းကွန်းကျေးရွာမှာတည်ရှိတဲ့မြသိန်းတန်စေတီတော်မှာလည်း ငလျင်ကြောင့် စိန်ဖူးတော်နဲ့ငှက်မြတ်နားတော် တို့ မြေခခဲ့ရပြီး အက်ကွဲကြောင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်မှာတော့ တံတားဦးမြို့ရဲ့ အရှေ့ဘက် ၄ မိုင်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ၂ အဆင့်ရှိ အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ် Source - BBC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T