တရုတ်ဖိုက်တာ Fan Rong နဲ့ ပွဲတည့်သွားပြီဖြစ်တဲ့ ကချင်သားကြီး အောင်လအန်ဆန်

//s9.kh1.co/f0/f04daf7e679b88be3ec30a2007829b91820320ce.jpg
အားကစားသတင်းများ

 ၁၁-ဒီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကဲ... Myanmarload ပရိသတ်တွေတွေ စောင့်မျှော်နေကြတဲ့ မြန်မာ့ဂုဏ်ဆောင် ကချင်သားကြီး အောင်လအန်ဆန်ရဲ့ ပွဲကို One Championship ကတော့ ယမန်နေ့က ကြေညာခဲ့ပါတယ်။

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

ဒီတစ်ခါ အောင်လအန်ဆန် ယှဥ်ပြိုင်ထိုးသတ်ရမှာကတော့ ပြီးခဲ့ရက်ပိုင်းက ပရိသတ်အများအပြားထင်ကြေးပေးခံရတဲ့ ရုရှာဖိုက်တာ မဟုတ်ဘဲ တရုတ်ဖိုက်တာ Fan Rong ဖြစ်ပါတယ်။ Fan Rong ရဲ့အားသာချက်စွမ်းဆောင်ရည်ကတော့ Ground ပိုင်းတစ်ခုဖြစ်လို့ အောင်လအန်ဆန် အတွက်တော့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ သူဟာ အရင်က နာမည်ကြီးဖိုက်တာ ဗစ်ဒက်ရှ်ရော ၊ ရိုင်နီယာရောကိုတော့ ချုပ်ကွက်နဲ့ ရှုံးနိမ့်ထားဖူးပါတယ်။ ယခု အောင်လအန်ဆန် နဲ့ ပွဲစဥ်မှာတော့ ဘယ်လိုထိုးသတ်သွားမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Photo Credit - From Google 
Photo Credit - From Google 

အောင်လအန်ဆန် နှင့် တရုတ်ဖိုက်တာ Fan Rong တို့ရဲ့ ပွဲစဥ်များကတော့ ဇန်နဝါရီလ (၁၃) ရက်နေ့မှာ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီး ပွဲကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်မယ်လို့ One Championship ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သတင်း အရင်းအမြစ် Source - One Championship

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T