ခရိုအေးရှားနဲ့ ပွဲအပြီးမှာ မျက်ရည်မိုးတွေကျခဲ့တဲ့ နေမာ

//s9.kh1.co/b5/b507b373c923045fd1d4b68467f5b54f97840e59.jpg
အားကစားသတင်းများ

 ၁၀-ဒီ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒီကမ္ဘာ့ဖလားဟာ သူအတွက်နောက်ဆုံး....

မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ဘရာဇီးအသင်းဟာ ခရိုအေးရှား အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ထိုပွဲအပြီးမှာ ဘရာဇီးစတား နေမာ အနေနဲ့ ဝမ်းနည်းလွန်းပြီး ဟန်မဆောင်နိုင်ပဲ ငိုကြွေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7f/7ff394d64e86db888126791d6389e734f90b1d89.jpg

ဘရာဇီးအသင်းဟာ ပြိုင်ပွဲမစတင်ခင်တည်းက ရေပန်းအစားဆုံးအသင်းဖြစ်ပြီး ပရိသတ်အများစုကလည်း ဒီပြိုင်ပွဲမှာ ဘရာဇီးအသင်းပဲ အနိုင်ရဗိုလ်ဆွဲသွားမယ် ထင်မှတ်ထားခဲ့ကြတာပါ။ ဘရာဇီးဟာ အုပ်စုအတွင်းမှာလည်းအခြေအနေကောင်းခဲ့ပြီး (၁၆) သင်းအဆင့်မှာလည်း တောင်ကိုရီးယားအသင်းကို ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။ ဒါပေမယ့် ခရိုအေးရှားနဲ့ပွဲမှာတော့ ဘရာဇီးရဲ့ကစားပုံဟာ စိတ်ပျက်စရာကောင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ အံ့အားသင့်ဖွယ်ရှုံးနိမ်ခဲ့ကာ အိမ်ပြန်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=510,h=340,q=100/c0/c0460f529f181b74376d34ae7c0ba9aeec8acc80.jpg

နေမာအနေနဲ့လည်း အုပ်စု ပထမပွဲမှာတင် ဆားဘီးယား ကစားသမားရဲ့ ဖြတ်ထုတ်ပုံကြမ်းတမ်းမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး တောင်ကိုရီးယားနဲ့ ပွဲမှသာပြန်လည်ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။မနေ့ကပွဲမှာတော့ နေမာဟာ ဦးဆောင်ဂိုးသွင်းယူပြီး အသင်းကိုကူညီခဲ့ပေမယ့် ဘရာဇီးအသင်းအနေနဲ့တော့ နောက်တစ်ဆင့်ကိုတက်ဖို့မစွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်နေမာအနေနဲ့ ပွဲအပြီးမှာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/b3/b32fdd62feed7b1023de7cfca6cdb11dec8b3179.jpg

ပြိုင်ပွဲမစတင်ခင်တည်းက နေမာက ဒီကမ္ဘာ့ဖလားဟာ သူ့အတွက်နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တယ် လို့ဆိုခဲ့ပြီး ဘရာဇီးပရိသတ်တွေသာမကပဲ ဘောလုံးပရိသတ်တွေကပါ နောက်ကမ္ဘာ့ဖလားမှာပါ နေမာကို မြင်ချင်နေကြတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် နေမာကို အခုလိုဝမ်းနည်းမှုကနေ အမြန်ဆုံးရုန်းထွက်စေချင်မိပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/39/3980a583aeac68309bfb1816052105a4701d6378.jpg
https://s9.kh1.co/__image/w=650,h=366,q=100/4a/4add2d72470e387038af3c87a402a8f2fb0f56ea.jpeg
https://s9.kh1.co/__image/w=650,h=440,q=100/79/799afa37ab7b9f482a02e5c92a977a5321f98a50.jpg

Photos: credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T