ဘရာဇီး ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးရာထူးကနေနှုတ်ထွက်သွားတဲ့တောင်ကိုရီးယားအသင်းနည်းပြ

//s9.kh1.co/ba/ba6cced63abfbb384b21131debc4b54ba44f4599.jpg
အားကစားသတင်းများ

 ၀၆-ဒီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဘန်တိုထွက်ခွာသွားမှုအပေါ်တောင်ကိုရီးယားအသင်းက.... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

တောင်ကိုရီးယားနည်းပြ ပေါ်လိုဘန်တို ဟာ ယနေ့မနက်အစောပိုင်းမှာကစားခဲ့တဲ့ ဘရာဇီးနဲ့ပွဲအပြီးမှာရာထူးကနေနှုတ်ထွက်သွားကြောင်းသိရပါတယ်။ ထိုပွဲမှာ တောင်ကိုရီးယားအသင်းဟာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး ဘရာဇီးအသင်းကို ( 4-1 ) ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=246,h=205,q=100/43/4322ed74a6af47b7a21bf8641d425d31157d18cd.jpg

တောင်ကိုရီးယားအသင်းအနေနဲ့ ပထမပိုင်းမှာတင် လေးဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းရောက်မှသာ

ပိုက်ခ်စမ်းဟို က ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားအသင်းဟာ အုပ်စုအတွင်းတွင် နာမည်ကြီးပေါ်တူဂီ၊ ဥရုဂွေး၊ ဂါနာအသင်းတို့နဲ့ အတူကျရောက်ခဲ့ပြီး အုပ်စုဒုတိယဖြင့် အံ့အားသင့်ဖွယ် (၁၆) သင်းအဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/29/29f450d63af867d83628a14b9ff604cb9599cd11.jpg

ဘန်တို ဟာ (2018) ခုနှစ်တွင် လက်ရွေးစင်နည်းပြအဖြစ်တာဝန်ယူခဲ့ပြီးလေးနှစ်အတွင်းတောင်ကိုရီးယားအသင်းကို ရလဒ်ကောင်းများရယူပေးနိုင်ခဲ့ကာ ယခုကမ္ဘာ့ဖလားအတွင်းမှာလည်း တောင်ကိုရီယားအသင်းပရိသတ်တွေသာမကအာရှပရိသတ်တွေကိုပါ အထင်ကြီးအောင်စွမ်းဆောင်ပြထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂါနာနဲ့ပွဲမှာလည်း အသင်းကိုချစ်တဲ့စိတ်ကို အနီကတ်ဖြင့်ပြသခဲ့ပါသေးတယ်။ ဘန်တိုထွက်ခွာသွားမှုဟာတောင်ကိုရီးယားအသင်းတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဘန်တိုဟာ (၁၂) နှစ်တာကြာအောင် အုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရတဲ့ တောင်ကိုရီးယားအသင်းကို ပထမဆုံးအချိန် (၁၆) သင်းအဆင့်သို့ပို့ဆောင်ပေးနိုင်ခဲ့တဲ့နည်းပြလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/57/5783860c1fba001e159f9c975002bf3d7bdc5533.jpg
https://s9.kh1.co/__image/w=650,h=460,q=100/07/07ca8c622c7eec79ca5a7a1bb713dabb5a40bd8b.jpg

Photos : credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T