၂၀၂၃ ခုနှစ်မှာ Dispatch ရဲ့ ဖော်ကောင်လုပ်ခြင်းခံရမယ့်သူလို့ နာမည်ကြီးနေတဲ့ Lee Min Ho

//s9.kh1.co/96/96a3ca2ee09f9698e8c351d3ec3f97cf77d0e9de.jpg
နေ့စဉ်သတင်းများ

 ၀၅-ဒီ-၂၀၂၂ ၁၀am · လွန်ခဲ့သော တစ်နှစ် က

၂၀၂၃ ခုနှစ်မှာ Dispatch ရဲ့ ဖော်ကောင်လုပ်ခြင်းခံရမယ့်သူလို့ နာမည်ကြီးနေတဲ့ Lee Min Ho

တောင်ကိုရီးယား မီဒီယာကုမ္ပဏီဖြစ်တဲ့ Dispatch ဟာဆိုရင် နှစ်စဉ်နှစ်တိုင်း စုံတွဲတွေကို တစ်နှစ်ကိုတစ်ခါ ဖော်ထုတ်လေ့ရှိတဲ့ သတင်းဌာနတစ်ခုဖြစ်ပါတယ်။ Dispatch က ဖော်ထုတ်လိုက်တဲ့စုံတွဲတွေဟာဆိုရင် မှန်ကန်ပြီး အမှန်တကယ်တွဲနေကြတဲ့ စုံတွဲတွေဖြစ်တာကြောင့် သတင်းထွက်ပြီးပြီးချင်း သိပ်မကြာခင်မှာ လက်ထပ်သွားကြတာများပါတယ်။ အခုတစ်ခေါက်မှာလည်း ၂၀၂၃ ခုနှစ်မှာ Dispatch ဘက်ကနေ ဖော်ထုတ်ပေးမယ့် စုံတွဲစာရင်းတွေ ကို ခန့်မှန်းထားပါတယ်။ အခုတစ်ခေါက်မှာ ထွက်ရှိလာမယ့်စုံတွဲကိုတော့ မင်းသား Lee Min Ho နဲ့ Yeon Woo တို့ ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Google
Google

Lee Min Ho နဲ့ Yeon Woo တို့တွဲနေကြတယ်ဆိုတဲ့ သတင်းကို ၂၀၂၁ ခုနှစ်တုန်းကလည်း Dispatch ဘက်ကနေ ဖော်ထုတ်ပြသခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း နှစ်ဦးနှစ်ဖက်အေဂျင်စီတွေက ငြင်းဆန်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ အလယ်လောက်တုန်းကလည်း Lee Min Ho နဲ့ Yeon Woo တို့နှစ်ဦးကို အတူတွဲမြင်ခဲ့တဲ့ ဓာတ်ပုံတွေ ပြန့်နှံ့ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နှစ်ဦးသားဘက်ကနေ ပြန်လည် ငြင်းဆန်ခဲ့ပါတယ်။

Google
Google
Google
Google
Google
Google

၂၀၂၃ ခုနှစ်မှာလည်း Lee Min Ho နဲ့ Yeon Woo တို့ကို ထပ်မံပြီးစောင့်ကြည့်နေကြပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေ အရ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ Dispatch ရဲ့ ဖော်ကောင်လုပ်ခြင်း ခံရမယ့် စုံတွဲက သေချာပေါက် Lee Min Ho နဲ့ Yeon Woo တို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။  

https://s9.kh1.co/__image/w=360,h=180,q=100/cb/cb809160dd21d03cdbb164ac6eb731b8f4cf2070.jpg
Google
Google
Google
Google
Google
Google

Dispatch ရဲ့ အဆိုအရ မင်းသား Lee Min Ho ကို ဩဂုတ်လ ၁ ရက်နေ့က မင်းသမီး Yeonwoo နဲ့ အတူတွဲပြီး မြင်တွေ့ခဲ့တယ်လို့ သိရပါတယ် ။ သူတို့နှစ်ဦးက လက်ရှိမှာ တွဲနေတာ ၅ လခန့် ရှိနေပြီလို့လည်း သတင်းတွေထဲမှာ ထုတ်ပြန်ထားပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသား Lee Min Ho နဲ့ မင်းသမီး Yeonwoo တို့ကို အတူတွဲတွေ့ရတဲ့ လျို့ဝှက် စုံတွဲဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T