လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အကြီးကျယ်ဆုံး ကမ္ဘာ့ဖလားပွဲကြီးကို ဒီကနှစ် (၂၀၂၂) မှာ ကာတာနိုင်ငံ ၌ အခမ်းနားဆုံး ကျင်းပနေပြီဖြစ်ပြီး နိုင်ငံပေါင်း(၃၂)နိုင်ငံ က ဝင်ရောက်ကစားကာ ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ(၁)ရက်နေ့ ၊ မနက် (၁)နာရီခွဲ ခန့်က အာဂျင်တီးနားအသင်း နဲ့ ပိုလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အာဂျင်တီးနားအသင်း က ပိုလန်အသင်းကို (၂-၀)ရလဒ် ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ပွဲမှာတော့ မက်ဆီ က ပင်နယ်တီ တစ်ဂိုးသွင်းခွင့် ရရှိခဲ့ပေမယ့် လွဲချော်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားအသင်းဟာ အကျိတ်အနယ်ယှဉ်ပြိုင်လိုစိတ်နဲ့ စည်းလုံးညီညွတ်မှု ဟာ ပိုလန်အသင်း ကို အနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးဝါသနာရှင်ပရိသတ်တွေက အာဂျင်တီးနားအသင်းက ကစားသမား မက်ဆီ ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားကို ဖလားသိမ်းပိုက်သွားနိုင်မလားဆိုတာ အတော်လေးစိတ်ဝင်စားနေကြတာမို့ သေချာစောင့်ကြည့်ရမှာပါပဲ။

