ရုရှားမှာ နှစ်ပေါင်း ၄၈,၀၀၀ သက်တမ်းရှိ အေးနေတဲ့ ရှေးဟောင်းဗိုင်းရပ်ပိုးများ ရှာတွေ့

//s9.kh1.co/69/6928044cb037c7e33f121f2d46335f517a1ab1a3.jpg
နေ့စဉ်သတင်းများ

 ၃၀-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရုရှားမှာ နှစ်ပေါင်း ၄၈,၀၀၀ သက်တမ်းရှိ အေးနေတဲ့ ရှေးဟောင်းဗိုင်းရပ်ပိုးများ ရှာတွေ့

ရုရှားနိုင်ငံရှိ အေးခဲနေတဲ့ Yukechi Alas ရေကန်အောက်ခြေမှာ ပိတ်လှောင်ခံထားရတဲ့ နှစ်ပေါင်း ၄၈,၀၀၀ သက်တမ်းရှိ ရှေးဟောင်းဗိုင်းရပ်တစ်ဒါဇင်ကျော်ကို ပြင်သစ်အမျိုးသားသိပ္ပံသုတေသနစင်တာမှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဇွန်ဘီဗိုင်းရပ်စ်ပိုးဟာ ပြန်လည်ကူးစက်ဖို့ အဆင်သင့်ဖြစ်ပြီး ကူးစက်ပျံ့နှံ့နိုင်ဖွယ်အလားအလာရှိတာကြောင့် နောက်ထပ်ကပ်ရောဂါတစ်ခုဖြစ်ပွားလာမှာကို ပညာရှင်များက စိုးရိမ်နေကြပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အဲဒီ ဇွန်ဘီဗိုင်းရပ်စ်တွေထဲမှာ Pandoravirus yedoma လို့ အမည်ပေးထားတဲ့ အသက်အကြီးဆုံးဟာ နှစ်ပေါင်း ၄၈,၅၀၀ ရှိပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အဖွဲ့တစ်ခုတည်းမှရှာဖွေတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ဟောင်း နှစ် ၃၀,၀၀၀ ရဲ့ ယခင်စံချိန်ကိုချိုးဖျက်ခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

အဆိုပါ မျိုးကွဲဗိုင်းရပ်စ်ဟာ လေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ် ၁၃ မျိုးထဲမှ တစ်ခုဖြစ်ပြီး တစ်မျိုးစီမှာ ၎င်း၏ ဂျီနိုမ်ပါရှိတယ်လို့ ဆိုပါတယ်။ မကြာသေမီကလည်း ဆိုက်ဘေးရီးယားဝံပုလွေရဲ့ အူများထဲမှာ အခြားဗိုင်းရပ်စ်များကို တွေ့ရှိခဲ့ပါသေးတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - News York Post

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T