ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့အကြီးဆုံးမီးတောင်ပေါက်ကွဲ

//s9.kh1.co/ca/cafd3acb4db525452c57f15c28bcc62eafb3f42c.jpg
နေ့စဉ်သတင်းများ

 ၂၉-နို-၂၀၂၂ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

.

ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့အကြီးဆုံးမီးတောင် တနင်္လာနေ့ (နိုဝင်ဘာ ၂၈ ရက်)မှာ နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲပြီး ချော်ရည်များနှင့် ပြာများ ပေါက်ထွက်ခဲ့ပါတယ်။ အဆိုပါ ကမ္ဘာ့အကြီးဆုံး ဒီမီးတောင်ဟာ Mauna Loa အမည်ရှိပြီး ပစိဖိတ်သမုဒ္ဒရာထဲက ဟာဝိုင်အီကျွန်းတစ်ခုပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

Photo Credit - Reuters, AP
Photo Credit - Reuters, AP

မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာတဲ့ ချော်ရည်ပူတွေဟာ ကျွန်းပေါ်မှာ စီးကျနေသလို၊ မီးခိုးတွေနဲ့ ပြာမှုံတွေလည်း တစ်ကျွန်းလုံးကို ဖုံးလွှမ်းနေတာ ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Reuters, AP
Photo Credit - Reuters, AP

မီးတောင်ပေါက်ကွဲမှုဇုန်အောက်ရှိ လူများကို လောလောဆယ် ခြိမ်းခြောက်မှုမရှိကြောင်း အေဂျင်စီက ပြောကြားခဲ့ပေမယ့် မီးတောင်ဟာ မငြိမ်မသက်ဖြစ်နေကြောင်း သတိပေးထားတယ်လို့ ဆိုပါတယ်။

Photo Credit - Reuters, AP
Photo Credit - Reuters, AP

ဟာဝိုင်အီကျွန်းများရှိ မီးတောင်ခြောက်ခုအနက်မှ တစ်ခုဖြစ်တဲ့ Mauna Loa ဟာ ၁၈၄၃ ခုနှစ်ကတည်းက ၃၃ ကြိမ် ပေါက်ကွဲခဲ့ပါတယ်။ ၎င်းရဲ့နောက်ဆုံးမီးတောင်ပေါက်ကွဲမှုဟာ ၁၉၈၄ ခုနှစ်မှာဖြစ်ပြီး အဲ့ဒီတုန်းက ၂၂ ရက်ကြာမြင့်ခဲ့ပါတယ်။

Photo Credit - Reuters, AP
Photo Credit - Reuters, AP

သတင်း အရင်းအမြစ် Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T