တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျင့်ဒေသရှိ အထပ်မြင့် အဆောက်အအုံတစ်လုံးမှာ နိုဝင်ဘာ ၂၅ ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြလာတာ တွေ့ရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုမှာ အနည်းဆုံး လူ ၁၀ ဦးခန့် သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေက ထုတ်ပြန်ချက်တွေမှာတော့ ရှင်းကျင့်ပြည်နယ်ရဲ့မြို့တော် ယူရမ်ကွီမှာ မီးလောင်ကျွမ်းခဲ့တဲ့ အဆောက်အဦးကို မီးသတ်သမားတွေက သုံးနာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး အရေးပေါ်ဖြစ်ခဲ့တဲ့ လူနာ ၁၀ ဦးကတော့ သေဆုံးသွားခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများကိုတော့ ဆေးကုသမှုပေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မီးလောင်မှုနဲ့ပတ်သက်နေတဲ့ လူ ၄ ဦးကိုတော့ ယာယီထိန်းသိမ်းထားပြီး ဒေသန္တရအာဏာပိုင်တွေက မီးဘေးန္တရာယ်ကင်း ရေး စစ်ဆေးမှုတွေပြုလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ မကြာသေမီကလည်း တရုတ်နိုင်ငံအလယ်ပိုင်း စက်မှုကုမ္ပဏီတစ်ခုမှာ မီးလောင်မှုတစ်ခုကြောင့် လူပေါင်း ၃၈ ဉီး သေဆုံးခဲ့ပါသေးတယ်။

သတင်း အရင်းအမြစ်៖ Source - usnews